
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
နေပြည်တော် ဒီဇင်ဘာ ၃၁
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားသို့ ပါဝင်တက်ရောက်ကြ မည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များနှင့် တပ်မတော်အရာရှိကြီး များ၏ မိသားစုဝင်များအား နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ ခေတ္တတည်းခို နေထိုင်သည့် နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံ နှုတ်ဆက်သည်။
ထိုသို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ရာ ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့အား ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များနှင့် တပ်မတော်အရာရှိကြီး များ၏ မိသားစုဝင်များက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက် ကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များနှင့် တပ်မတော်အရာရှိကြီး များ၏ မိသားစုဝင်များဖြစ်ကြ သည့် ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယု၏ သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ သား ဦးသီဟစော၊ ဦးနေဝင်း၏ သမီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေ၏သမီး ဒေါ်နေရည်ဗဆွေ၊ ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချို ကျော်ငြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၏သား ဦးဇော်ထွန်းနှင့် ဦးစိန်လွင်၏ သမီး ဒေါက်တာ ချိုလွင်ဦးတို့အား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေထိုင်စားသောက်မှု အခြေအနေ များ၊ တစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေများနှင့် အခြားလိုအပ် ချက်များကို မေးမြန်းအားပေး စကားပြောကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်