
မြစ်ကြီးနား အောက်တိုဘာ ၁၄
ကချင်ပြည်နယ် နောင်မွန်မြို့နယ် မဂွေဇ-ခေါင်လန်ဖူးကားလမ်း မိုင်တိုင်အမှတ် ၀/၀ ကဆန်ခချောင်းပေါ်၌ မဂွေဇတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည် ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့(၁) မြစ်ကြီးနားက တာဝန်ယူ တည်ဆောက်လျက် ရှိသည်။
တံတားအရှည်ပေ ၅၉၀ ဖြစ်ပြီး တံတား အမျိုးအစားမှာ အောက်ခံအုတ်မြစ် 2.4m Caisson foundation၊ တံတားကိုယ်ထည် သံကူကွန်ကရစ်ကမ်းကပ်ခုံနှင့် ကွန်ကရစ် ရေလယ်တိုင်၊ တံတားအပေါ်ထည် Steel Plate Girder, R.C Girder & R.C.C Slab၊ ယာဉ်သွားလမ်း ၂၄ ပေ၊ ခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်းတန် ၆၀ ဖြစ်သည်။ တံတား တည်ဆောက်မှုခန့်မှန်းခြေတန်ဖိုးမှာ ငွေကျပ် သန်း ၃၆၇၀ ဖြစ်ပြီး ချဉ်းကပ်လမ်းတန်ဖိုးမှာ ငွေကျပ်သန်း ၁၅၀ ဖြစ်သည်။
တံတားစတင်တည်ဆောက်သည့်နေ့မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ဖြစ်ပြီး တံတားပြီးစီးမည့်နေ့မှာ ၂၀၂၂ ခုနှစ် မတ် ၃၀ ရက် ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်မှုလုပ်ငန်း ၇၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
ကချင်ပြည်နယ် ခေါင်လန်ဖူးကားလမ်း ကဆန်ခချောင်းပေါ်မှ တံတားအမှတ် (၂/၁) မဂွေဇတံတားသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ယင်းတံတားနေရာတွင် ဂျစ်ကားကူးကြိုးတံတားသာရှိပြီး ယခု မဂွေဇ တံတား တည်ဆောက်ပြီးစီးပါက ပူတာအိုမှ ခေါင်လန်ဖူးသို့ မော်တော်ယာဉ်များ ရာသီ မရွေး သွားလာနိုင်တော့မည်ဖြစ်ရာ ဒေသ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် တံတားဖြစ်သည်။
ခရမ်းစိုးမြင့်