ခြေလက်အင်္ဂါ ချို့ယွင်းသူများအတွက် အ‌ထောက်အကူပစ္စည်းများကို ပြန်လည်ပြုပြင်ပေး

 

ကျိုက်ထို   မတ်   ၁ - ခြေ၊လက်အင်္ဂါချို့ယွင်းနေသူများ၏ အထောက်အကူပြုပစ္စည်းများကို    မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း ပြီး ဘားအံမြို့ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနက နယ်လှည့်ပြုပြင်ပေး လျက်ရှိရာ  ဖေဖော်ဝါရီ ၂၉ ရက်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်  အေးရိပ်ငြိမ် (၂၅)လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်ပေးသည်။


ခြေတု၊ လက်တုများ၊  ခါးပတ်ကြိုးနှင့် အားပြုကိရိယာများ၊ ဘီးတပ်ကုလားထိုင်များကို အသေးစား ပြုပြင်ပေးခြင်းဖြစ်ပြီး အကြီးစားပြင်ဆင်မှုနှင့် အသစ်ပြုလုပ်လဲလှယ်ရန် လိုအပ်သူများအား အသုံးပြုပစ္စည်းများနှင့်အတူ ဌာနမှထုတ်ပေးထားသည့် မှတ်ပုံတင် ကတ်များ ယူဆောင်လာပြီး ‌ဘားအံမြို့ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေး ဌာနတွင်  အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။                    

 ဝင်းမောင်(ကျိုက်ထို)