
ချောင်းဦး ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဇန်နဝါရီ ၃၀ ရက်က ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့က လှူဒါန်းသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်ပေးအပ်လှူဒါန်းသည့် အခမ်း အနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ကျေးရွာအုပ်စုကိုးအုပ်စုမှ တောင်သူများအား တက်ရောက် လာသည့် တာဝန်ရှိသူများက APTERR Tier-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့က လှူဒါန်း သည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ် ပစ္စည်းများ ထပ်ဆင့်ပေးအပ်လှူဒါန်း သည်။
အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်စုကိုးအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)