ချောင်းသာမြို့၊ ပုသိမ်မြို့နှင့် ရွှေသောင်ယံမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ အပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၃


နိုင်ငံတော်    ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ်    ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး  ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍     ပြန်လည် ကောင်းမွန်လာသည့် တပ်မတော် သား    အရာရှိ၊     စစ်သည်များ အား   တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ         အနားယူ အပန်းဖြေ ခရီးစဉ်အဖြစ် ဧရာဝတီ တိုင်းဒေသကြီး      ချောင်းသာ ကမ်းခြေသို့     မော်တော်ယာဉ် များဖြင့်     နိုဝင်ဘာ  ၁၈ ရက်က ပို့ဆောင်ပေးခဲ့သည်။


အဆိုပါ    အပန်းဖြေခရီး သွားရောက်ခဲ့ကြသည့် တပ်မတော် သား အရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေရှိ ချောင်းသာ အပန်းဖြေဧည့်ရိပ်သာမှ   ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာ ကြရာ    အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ   တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ      ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက    ရင်းရင်း နှီးနှီး      ပို့ဆောင်နှုတ်ဆက်ကြ ပြီး     ညနေပိုင်းတွင်    ရန်ကုန်မြို့သို့       ပြန်လည်ရောက်ရှိကြရာ ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ         ဒုတိယ တိုင်းမှူးနှင့်     တာဝန်ရှိသူများက   နွေးထွေးစွာ  ကြိုဆိုခဲ့ကြသည်။ 


ထိုသို့  နိုဝင်ဘာ  ၁၈ ရက်မှ ယနေ့အထိ ၆ ရက်ကြာ အနားယူ အပန်းဖြေခရီး  သွားရောက်ခဲ့ကြ သည့်   တပ်မတော်သား   အရာရှိ၊ စစ်သည်များသည်    ချောင်းသာ ကမ်းခြေ၌   လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေး  လေ့ကျင့် ခန်းများ        ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ ဘောလုံး၊ ဘော်လီ ဘောနှင့် ခြင်းလုံးအားကစားများ ဆောင်ရွက်ခြင်း၊    အနားယူ အပန်းဖြေခြင်းများ   ဆောင်ရွက် ခဲ့ကြသည်။


ထို့အတူ ပုသိမ်မြို့ရှိ  ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၊   ချောင်းသာ ကမ်းခြေရှိ         ဆုတောင်းပြည့် ဇမ္ဗူပတိရုပ်ပွားတော်၊    ကျောက် မောင်နှမစေတီတော်၊  တဂေါင်း မင်္ဂလာ     မဟာစေတီတော်မြတ် ကြီး၊   ချောင်းသာမြို့     စကားဝါ တောင်ပေါ်ရှိ   ဒီပါအေးမြ    မဟာ နဂါးရုံဘုရားနှင့်        အနန္တဇိန လောကမာရ်အောင်   စေတီတော် မြတ်ကြီးတို့အား  ဖူးမြော်ကြည်ညို ခြင်း၊   ချောင်းသာမြို့   စကားဝါ တောင်  မိုးကုတ်ဝိပဿနာရိပ်သာ ကျောင်းတိုက်ရှိ    ကျောင်းထိုင် ဆရာတော်  ဘဒ္ဒန္တ  တေဇနိယထံ အလှူငွေများ   ဆက်ကပ်လှူဒါန်း ခြင်း၊     ဘုရားပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးများ  ဆောင် ရွက်ခြင်း၊  ပုသိမ်မြို့ရှိ လောကနန္ဒာ စေတီနှင့် နှီးဘုရားတို့အား ဖူးမြော် ကြည်ညိုခြင်း၊ ပုသိမ်မြို့ရှိ  ရွှေစာ ပုသိမ်ထီးလုပ်ငန်းသို့     လေ့လာ ခြင်း၊ သဲဖြူကျွန်းသို့  လေ့လာခြင်း၊ ချောင်းသာမြို့    ရွှေသာယာမြို့မ ဈေး၊  သရက်တောထိုးမုန့် ပြုလုပ် ပုံလေ့လာခြင်း၊   ကမာခရုလက်မှု ပညာအား        လေ့လာခြင်း၊ ရွှေသောင်ယံမြို့  Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊  သစ်ပန်းပု ပြတိုက်၊  ဒီရေတောတံတားတို့ကို လေ့လာခြင်း၊  ပုသိမ်မြို့ရှိ ရွှေမြင်းပျံ ပုသိမ်ဟလဝါလုပ်ငန်း     စသည့် အထင်ကရနေရာများသို့    သွား ရောက်       လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ   အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက်    တိုင်း မှူးများ၊       တာဝန်ရှိသူများက လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊   တန်ခိုးကြီး ဘုရားစေတီများ၊    အထင်ကရ နေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့် ပတ်သက် ၍ လိုက်လံရှင်းလင်းပြသခြင်းများ ကို   ဆောင်ရွက်ပေးခဲ့ရာ   အရာရှိ၊ စစ်သည်များအနေဖြင့်   စိတ်လက် ပေါ့ပါးစွာဖြင့်  ဒေသန္တရဗဟုသုတ များကို   လေ့လာခဲ့ကြပြီး   ၎င်းတို့ အတွက်    လွန်စွာအကျိုးရှိသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊   ယခု ကဲ့သို့   အပန်းဖြေခရီးစဉ်   သွား ရောက်နိုင်ရေး    စီစဉ်ဆောင်ရွက် ပေးခဲ့သည့် တပ်မတော် အကြီး အကဲများကိုလည်း ကျေးဇူးအထူး တင်ရှိကြောင်းနှင့်   စိတ်ဓာတ် ခွန်အားများ      ပိုမိုရရှိခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်