ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကားများပြား စျေးသည်များ စနစ်တကျရောင်းချစေရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး

 

ချောင်းသာ    ဒီဇင်ဘာလ   ၁၀


ပုသိမ်ခရိုင်     ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် အနယ် နယ်အရပ်ရပ်မှ  လာရောက်အပန်း ဖြေသူများ    နေ့စဉ်ဝင်ရောက် လျက်ရှိပြီး    ကမ်းခြေသာယာ လှပစေရန်၊        စျေးသည်များ စနစ်တကျ ရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုရှိစေရေးအတွက်    မြို့ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယနေ့ ညနေ ၄  နာရီက    ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး    အသိပညာ ပေးမှုများ ဆောင်ရွက်ကြသည်။

 


ထိုသို့    ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး     ဦးသီဟ အောင်နှင့်     တာဝန်ရှိသူများ ပါဝင်သည့် ကျွမ်းကျင်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က       ဈေး ရောင်းချနေသော    ဈေးသည် များအား သတ်မှတ်နေရာများတွင် စနစ်တကျရောင်းချမှု    ရှိ မရှိ စစ်ဆေးပြီး   အမှိုက်များ   စနစ် တကျ        စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့  လာရောက်လာပတ် သည့်   ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ    နားနေ အပန်းဖြေနိုင်ရေးတို့ကို     ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

 


 အဆိုပါ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က  သန့်ရှင်း သာယာလှပသော ကမ်းခြေဖြစ် စေရန်နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ လည်ပတ် နိုင်ရေးအတွက်   ရည်ရွယ်၍ စဉ်ဆက်မပြတ်      လှည့်လည် ကြီးကြပ်စစ်ဆေးမှုများ  ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်ကျော် (ပြန်/ဆက်)