
နေပြည်တော် စက်တင်ဘာ ၂၈
ငါးသယံဇာတများ ပြုန်းတီးမှု မဖြစ်ပေါ်စေရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ထုတ်လုပ်မှု ဖြစ်စေရန် ငါးမွေးမြူရေးလုပ်ငန်း ကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်လျက် ရှိနေကြပြီး ဆည်မြောင်း တာတမံများနှင့် အခြေအနေပေးသော ရေပြင်များ တွင် လှောင်အိမ်စနစ်ဖြင့် ငါး မွေးမြူခြင်းကို ယနေ့ မိတ်ဆက် ပေးခြင်းဖြစ်ကြောင်း၊ ဒေသနေ ပြည်သူများ စမ်းသပ်ဆောင်ရွက် နိုင်ကြရန် လွယ်ကူသောနည်းလမ်း ဖြင့် စတင်မိတ်ဆက်ပေးရန် လိုအပ်ကြောင်း၊ ယမန်နေ့ မွန်းလွဲ ပိုင်းက နေပြည်တော် လယ်ဝေး မြို့နယ် ချောင်းမငယ် ရေလှောင် တမံ၌ ရှေ့ပြေးစံပြဆောင်ရွက် ပြသသည့် ရေပေါ်လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း ခွင်အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက တာဝန်ရှိသူများကို ဆွေးနွေး ပြောကြားသည်။
ငါးမျိုးစိုက်ထည့်
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ချောင်းမငယ် ရေလှောင်တမံအတွင်းရှိ ရေပေါ် လှောင်အိမ်အတွင်းသို့ တီလား ပီးယား ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကို မျိုးစိုက်ထည့်ပေးခဲ့ သည်။ (အပေါ်ယာပုံ)
ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာ ဦးစီးဌာနများ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေး မှာကြားပြီး Agroecological Project အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ကော်ဖီစိုက်ခင်းနှင့် တစ်သျှူး ငှက်ပျောစိုက်ခင်းများကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပျဉ်းမနားစိုက်ပျိုး ရေး သိပ္ပံကျောင်းသို့ ရောက်ရှိ ကြပြီး အသစ်တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာသင်တန်း အတွက် တိရစ္ဆာန်မွေးမြူရေး ခြံများ၊ စာသင်ဆောင်များနှင့် လက်တွေ့ဆောင် တည်ဆောက် ရေး လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
လျှောက်ထားနိုင်
၂၀၂၁-၂၀၂၂ ပညာသင်နှစ် စိုက်ပျိုးရေး ဒီပလိုမာသင်တန်း များနှင့် မွေးမြူရေးဒီပလိုမာ သင်တန်း တက်ရောက်လိုသူ များကို သင်တန်းတက်ရောက်ခွင့် လျှောက်လွှာများ ခေါ်ယူထားပြီး ဖြစ်ကြောင်း၊ တက်ရောက်လိုသူ များအနေဖြင့် နေပြည်တော် (ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာ ဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီး နား၊ ဒီးမောဆို၊ ဇွဲကပင် (ဘားအံ)၊ လုံပီး (ဖလမ်း)၊ ကျောက်တော်၊ ဟုမ္မလင်းမြို့များရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် လျှောက် ထားနိုင်ကြကြောင်း၊ မွေးမြူရေး ဒီပလိုမာသင်တန်း တက်ရောက် လိုသူများသည် လတ်တလော တွင် နေပြည်တော် (ပျဉ်းမနား)၊ ပုသိမ်ကြီး၊ ဟဲဟိုးစိုက်ပျိုးရေး သိပ္ပံကျောင်းများ၌ လျှောက်ထား နိုင်ကြမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်ရှိသည့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများ၌ မွေးမြူရေးဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီပလိုမာ သင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများသည် သုံးနှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး စိုက်ပျိုး ရေး ဒီပလိုမာထူးချွန်သူသည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် သို့လည်းကောင်း၊ မွေးမြူရေး ဒီပလိုမာထူးချွန်သူသည် မွေးမြူ ရေးဆိုင်ရာ ဆေးတက္ကသိုလ် (B.A.Sc) သင်တန်းသို့လည်း ကောင်း တက်ရောက်ရန် ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်