ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူ ၂၀၇၇၆ ဦးအား ထိုးနှံပေးပြီးဖြစ်

 

ချောင်းဆုံ       စက်တင်ဘာ   ၂၆


မော်လမြိုင်ခရိုင်        ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး  (တတိယအသုတ်)  ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေး  တစ်ကြိမ်တစ်ခါမျှ  မထိုးနှံ ရသေးသူအား ဦးစားပေးအုပ်စုအလိုက် ယနေ့ တွင်လည်း ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံ ပေးလျက်ရှိရာ ဆေးထိုးကာလ ၁၂ ရက်အတွင်း ၂၀၇၇၆ ဦးအား ထိုးနှံပေးပြီးဖြစ်သည်။


ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးထိုး စုရပ် ၁၅ နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ် တစ်ခါမျှ မထိုးနှံရသေးသည့် သာသနာ့နွယ်ဝင်များ၊  အသက် ၅၅ နှစ်နှင့် အထက်   ပြည်သူများ၊    မသန်စွမ်းသူများ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူများ   အပါအဝင် ဦးစားပေးအလိုက် သတ်မှတ်ပြီး ပြည်သူ များအား နေ့စဉ် ဆက်လက်ထိုးနှံပေးလျက် ရှိပြီး စုရပ်တစ်ခုတွင် လူဦးရေ  ၁၅၀  စီဖြင့် တစ်မြို့နယ်အနေနှင့် လူဦးရေ ၂၀၀၀ ကျော် ကို ပုံမှန်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်လျော့နည်း  ကျဆင်းရေးအတွက်     မြို့နယ်အတွင်းရှိ တာဝန်ရှိသူများက     ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ပူးပေါင်းပြီး  ကာကွယ်ဆေးထိုး  လုပ်ငန်းကိုလည်းကောင်း၊     ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Tesk Kit ဖြင့် စစ်ဆေးခြင်းလုပ်ငန်းကိုလည်း အရှိန်အဟုန် မြှင့်    ဆောင်ရွက်လျက်ရှိကြောင်း     မြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)