ချောင်းဆုံမြို့နယ်၌ တစ်ရက် အောက်ဆီဂျင် လီတာ ၄၀ အိုး ၁၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

ချောင်းဆုံ    စက်တင်ဘာ  ၁၂
မွန်ပြည်နယ်  ချောင်းဆုံမြို့နယ် ဆေးရုံဝင်းအတွင်းရှိ  အောက်ဆီ ဂျင်စက်ရုံ   ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက အဆိုပါ စက်ရုံနေရာ၌        ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်း၊    အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် ကိုကိုမောင်၊   ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် အလှူရှင်များ  တက်ရောက်ကြ သည်၊၊ 
ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်က    မွန်ပြည်နယ်အတွင်း   ကိုဗစ်-၁၉ ရောဂါ    ဖြစ်ပွားနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်ကာ ဆက်လက်၍ တက်ညီ၊ လက်ညီ ဝိုင်းဝန်း   ကြိုးပမ်းကြရမည်ဖြစ် ကြောင်း၊ အချိန်တိုအတွင်း စက်ရုံ တည်ဆောက်နိုင်မှုတွင်   ဆရာ တော်၊   သံဃာတော်များ၊  ဌာန ဆိုင်ရာများ၊  ရပ်မိရပ်ဖများ၊   လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊  ပြည်သူ များ   ပူးပေါင်းဆောင်ရွက်မှုတို့ ကြောင့် အောင်မြင်စွာ ဖွင့်လှစ်နိုင် ပြီးဖြစ်ကြောင်း ပြောကြားသည်၊၊ 
 လှည့်လည်ကြည့်ရှုစစ်ဆေး
ဆက်လက်၍        ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံကို  ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး      (ယာပုံ) မတည်အလှူရှင်များအား   ဂုဏ်ပြု မှတ်တမ်းလွှာ   ပြန်လည်ပေးအပ် ပြီးနောက်       စက်ရုံအတွင်း    အောက်ဆီဂျင်ထုတ်လုပ်နေမှုကို     လှည့်လည်ကြည့်ရှုစစ်ဆေးသည်၊၊
ထုတ်လုပ်ဖြန့်ဖြူးပေး
ထို့နောက် ချောင်းဆုံမြို့နယ်  အောက်ဆီဂျင်      စက်ရုံအတွက် လီတာ ၄၀    အောက်ဆီဂျင်အိုး ၁၀ လုံးနှင့်  ဆက်စပ်ပစ္စည်းများ၊  ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို  တိုင်းမှူး က ပေးအပ်လှူဒါန်းရာ      မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက လက်ခံ ယူပြီး     ဂုဏ်ပြုမှတ်တမ်းလွှာ    ပြန်လည်ပေးအပ်သည်။   ယင်း   အောက်ဆီဂျင်စက်ရုံကို  ဒေသခံ ရဟန်းရှင်လူ၊     ပြည်သူများနှင့်  နယ်မြေခံတပ်မတော်သားများ    စုပေါင်းလှူဒါန်းငွေကျပ်   သိန်း ပေါင်း ၁၇၀၀   ကျော်ဖြင့် ဇူလိုင် ၂၈ ရက်မှ စတင်ဆောက်လုပ်ခဲ့ပြီး     ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ကုသရေးလုပ်ငန်းများနှင့်  ဒေသခံ ပြည်သူများ၏    အောက်ဆီဂျင်   လိုအပ်ချက်ကို   ဖြည့်ဆည်းပေး နိုင်ရေးအတွက်    တစ်ရက်လျှင်     အောက်ဆီဂျင် လီတာ   ၄၀ အိုး ၁၀၀ ခန့်  ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
     မြို့နယ်(ပြန်/ဆက်)