ချောက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၅၀၀ သို့ အခြေခံစားကုန်များထောက်ပံ့

 

ချောက်    နိုဝင်ဘာ     ၂


မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား ပြည်သူများ၏ စားဝတ်နေရေး လတ်တလော ပြေလည်စေရန် ရည်ရွယ်၍ အခြေခံလူတန်းစား အိမ်ထောင်စု   ၅၀၀   အား  အခြေခံစားကုန် လေးမျိုးကို    မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂ ရက်က ထောက်ပံ့ပေးအပ်သည်။ 

 


ထောက်ပံ့ပေးအပ်ရာတွင်        ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ           ဦးဌေးကျော်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်      အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး   စောင့်ရှောက်ရေး အသင်းဝင်များက    အခြေခံစားကုန်လေးမျိုး ဖြစ်သည့် ဆန်၊  ဆီ၊  ဆား၊   ကုလားပဲများကို   အခြေခံလူတန်းစားအိမ်ထောင်စု    ၅၀၀ ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ 
                           

မြို့နယ်(ပြန်/ဆက်)