ချောက်မြို့၊ ပြင်ဦးလွင်နှင့် မဘိမ်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  အောက်တိုဘာ  ၂၈ 


ချောက်မြို့မရဲစခန်းမှ   တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည် ယမန်နေ့  မွန်းလွဲ ၂    နာရီခွဲတွင် ချောက်မြို့    အုတ်ဖိုရပ်ကွက်နေ ကျော်ဇေယျာထွန်း(ခ)ငပွေး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၄၀၀ ကို လည်းကောင်း။ 


  အလားတူ အောက်တိုဘာ ၂၆ ရက် ည ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပြင်ဦးလွင်မြို့နယ် မန္တလေး-ပြင်ဦးလွင်သွားကားလမ်း ဝက်ဝံ ကျေးရွာအနီး၌ နိုင်ဝေလင်း မောင်းနှင်ပြီး ကျော်ဝင်းထွန်း လိုက်ပါလာ သည့် ၁၂ ဘီးယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ ကို လည်းကောင်း။


ထိုနေ့ညနေ ၃ နာရီခွဲတွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ် ငါးအိုးကျေးရွာ ရွှေလီ မြစ်ကူးတံတားတွင် ညိုသန်း မောင်းနှင်ပြီး သန်းသန်းစိုး လိုက်ပါလာ သည့် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ 


ရဲပြန်ကြား