
ဆိပ်ဖြူ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး ချောက် - ဆိပ်ဖြူ ဧရာဝတီမြစ်ကူး အနော်ရထာတံတားရေလယ်တိုင် အမှတ်(၂) ရေတိုက်စားမှုမှ ကာကွယ်ရေးအတွက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို တံတား ဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ တံတားအထူး အဖွဲ့ (၅) ဆိပ်ဖြူက တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့(၅)၏ တာဝန်ခံအင်ဂျင်နီယာများက ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ လူမှုစီးပွားဘဝနှင့် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာမှုအတွက် အဆင်ပြေစေရန် ချောက် - ဆိပ်ဖြူ ဧရာဝတီမြစ်ကူး အနော်ရထာတံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များကို တာဝန်ယူ၍ တံတားရေလယ်တိုင်များ ရေတိုက်စားမှုမှ ကာကွယ်ရေး၊ တံတားပင်မ ကိုယ်ထည်တံတားကြမ်းခင်းနှင့် သံမဏိသံပေါင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ချဉ်းကပ်တံတား လူသွား လမ်းများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ချောက် - ဆိပ်ဖြူ ဧရာဝတီမြစ်ကူး အနော် ရထာတံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဖြစ်သည့် သံမဏိသံပေါင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သံမဏိပေါင် မူလီနတ်များ စစ်ဆေးလဲလှယ်ခြင်း၊ ချဉ်းကပ်တံတား လူသွားလမ်းကြမ်းခင်းများ ပြန်လည်ပြုပြင် ခြင်းတို့ကို ဆောင်ရွက်ပြီး ရေလယ်တိုင် ရေတိုက်စားမှုမှကာကွယ်နိုင်ရန် အနော်ရထာ တံတား ရေလယ်တိုင် အမှတ်(၂)၌ ရေယာဉ် ကြီးများ၊ ယန္တရားကရိန်းများ အသုံးပြု၍ ကျောက်ကြီးချခြင်းလုပ်ငန်းများကို တံတား အထူးအဖွဲ့(၅) ဆိပ်ဖြူမှ ဒုတိယညွှန်ကြား ရေးမှူး(မြို့ပြ)က ကြီးကြပ်၍ တာဝန်ခံအင်ဂျင် နီယာများက သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)