
နေပြည်တော် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် ဖာခီးကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၅၅ ဦးအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးအဖွဲ့က နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုး/အကြော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံတိုင်းရင်း သား ပြည်သူများအား ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက် ရောက် ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။
ယင်းနောက် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး အောင်အောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒေသခံတိုင်းရင်း သားပြည်သူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်