ကျေးလက်နေပြည်သူများ လယ်ယာထုတ်ကုန်များ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ

 

မန္တလေး    ဇူလိုင်   ၂၆


မန္တလေးတိုင်းဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊  မြို့နယ် များအတွင်း   ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး    အစိုးရ အဖွဲ့   ခွင့်ပြုရန်ပုံငွေကျပ်  ၄၃၅ ဒသမ  ၈၈၆  သန်း   အသုံးပြု၍  ကျေးလက်နေ      ပြည်သူများ၏ လယ်ယာထုတ်ကုန်၊   ထွက်ကုန် များ   ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့  လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်     ရည်ရွယ်၍ ကျေးလက်       ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ         အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း     အဆိုပါ    ဦးစီးဌာနမှ သိရသည်။

 


အဆိုပါ  ကျေးလက်ကုန်ထုတ် လမ်း၊       တံတားလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင်  မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၄၃၅ ဒသမ ၈၈၆ သန်း ဖြင့် မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာ၌ ကျောက်ရောမြေခင်းခြင်း နှင့်    မြေနီကျောက်စရစ်  ခင်းခြင်း စုစုပေါင်းလမ်းအရှည်  ၇  မိုင် ၂ ဒသမ  ၂၅၄  ဖာလုံ  ဖောက်လုပ် ခြင်းနှင့် အဆိုပါလမ်းများပေါ်တွင် ကျေးလက်ကုန်ထုတ်တံတား ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်း များကို       ဇွန်လပထမပတ်က စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီး မှူး ဦးကြည်စောက ပြောသည်။

 


မန္တလေးတိုင်း    ဒေသကြီး အတွင်း        အဆိုပါကျေးလက် ကုန်ထုတ်လမ်း၊  တံတားလုပ်ငန်း များ          ဖောက်လုပ်ပြီးစီးပါက မြို့နယ်  ၁၁   မြို့နယ်ရှိ   ကျေးရွာ ၁၆ ရွာမှ  အိမ်ခြေ   ၂၃၂၁   အိမ်၊ လူဦးရေ   ၁၁၅၆၃   ဦးတို့၏ ကျေးလက်          လယ်ယာထုတ်ကုန် ဧက ၃၇၄၀ ကျော် အကျိုးပြုမည် ဖြစ်ကြောင်း၊   ဒေသခံပြည်သူများ အတွက် လယ်ယာသုံးစက်ပစ္စည်း များ   သွားလာရေးနှင့်    လယ်ယာ ထွက်ကုန်များ၏       သယ်ယူ ပို့ဆောင်ရေးများ     အဆင်ပြေ မည်ဖြစ်ကြောင်း     တိုင်းဒေသကြီး ဦးစီးမှူးက ဆက်လက်ပြောသည်။


စိုးမိုးကျော်