ကျေးလက်နေ နယ်စပ်ဒေသခံတိုင်းရင်းသားပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေး

 

မူဆယ်   ဇန်နဝါရီ   ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် တာမိုးညဲ မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက မူဆယ် ခရိုင်ရုံးမှ  ဒုတိယညွှန်ကြားရေးမှူး   ဦးရဲရင့်ထွန်း နှင့်အဖွဲ့သည်  ရုံးဝန်ထမ်းများ     ရုံးလုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားရေး၊  နိုင်ငံတော်နှင့်   ဌာနအပေါ် သစ္စာရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ရေး၊ ပြည်သူများ နှင့် ဆက်ဆံရာတွင် နွေးထွေးပျူငှာစွာ  ဆက်ဆံရေး နှင့် ပန်းခင်းစီမံချက်အောင်မြင်ရေးတို့အတွက် ဝန်ထမ်း များနှင့်  တွေ့ဆုံမှာကြားခဲ့ကြောင်း    သိရသည်။

 


ယင်းနောက် တာမိုးညဲဒေသရှိ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လုပ်ကိုင် သည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ခရိုင်ဦးစီး မှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက်နှင့် ပတ်သက် သည့် အသိပညာပေးဟောပြောခြင်း၊     မေးမြန်း ဆွေးနွေးမှုများကို  ပြန်လည်ဖြေကြားရှင်းလင်းခြင်း နှင့် နိုင်ငံသားတိုင်းပြည်သူတိုင်း အသိအမှတ်ပြုစိစစ် ရေး ကတ်ပြားတစ်ခုခုရရှိကိုင်ဆောင်နိုင်ရေးတို့ကို စည်းရုံးရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။

 


အလားတူ မွန်းလွဲ ၁ နာရီက ကွတ်ခိုင်မြို့နယ်ရုံး ၌ ဖတ်ရိုင်းပိန်းဟွယ်ကျေးရွာအုပ်စုနှင့် ကောင်းလိန် ကျေးရွာအုပ်စုများမှ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လုပ်သည့်  ဒေသခံပြည်သူများကို ပန်းခင်း စီမံချက်နှင့်ပတ်သက်သော အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊  အသိပညာပေးဟောပြော ခြင်းနှင့်   ပန်းခင်းစီမံချက်လက်ကမ်းစာစောင်ပါ အချက်အလက်များကို    ဗဟုသုတမေးခွန်းအဖြစ် မေးမြန်းပြီး ပြန်လည်ဖြေဆိုနိုင်သူများကို ခရိုင်ဦးစီး မှူးနှင့် တာဝန်ရှိသူများက  ဆုငွေနှင့်  လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

 

အယ်လ်စိုး(မူဆယ်)