
ချမ်းမြေ့မောင်
နေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့အကြား မြန်မာနိုင်ငံ၏ အလယ် ဗဟိုအနီးတွင် တည်ရှိကာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသည်။
ရည်မှန်းချက်များ
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်ဟု ခရိုင်နှစ်ခုရှိပြီး ဒက္ခိဏခရိုင်တွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ ပါဝင်ကာ ဥတ္တရခရိုင်တွင် ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့ ပါဝင်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြို့ ပေါင်း ရှစ်မြို့နှင့် ကျေးရွာစုစုပေါင်း ၇၉၆ ရွာရှိသည့် အနက် ကျေးရွာ ၁၇၉ ရွာသည် ရာသီမရွေး သွား လာနိုင်ပြီး ကျေးရွာ ၆၁၇ ရွာသည် ခြောက်သွေ့ရာသီ မှသာ သွားလာနိုင်သည်။ ထို့ကြောင့် ရာသီမရွေးသွား လာနိုင်သည့်လမ်းများဖြစ်စေရန် ပြည်ထောင်စုနယ် မြေ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးပြီး ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန်နှင့် ကျေးလက်လမ်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ကျေးလက် ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေး ကွက်သို့ ကျေးလက်လမ်းကို အသုံးပြုပြီး အမြန်ဆုံး ရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကိစ္စများအတွက် ကျေးလက်လမ်းကွန်ရက်များကို အသုံးပြုပြီး အမြန် ဆုံး ဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင် ရေး ပင်မစီမံကိန်းကို အထောက်အကူဖြစ်စေရေး တို့သည် ကျေးလက်နေပြည်သူများအတွက် ချမှတ် ထားသည့် ရည်မှန်းချက်များ ဖြစ်သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများ အားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေး လက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် နှစ်စဉ် အဆင့်မြှင့် ဆောင်ရွက်ရေးသည်လည်း ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ပြည်သူ့အတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် ရည်မှန်းချက်ဖြစ်ရာ ထိုရည်မှန်းချက်များကို ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
နေပြည်တော်အတွင်း ဆောင်ရွက်ချက်များ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည် ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေထိုင်ကြ သော ကျေးလက်နေပြည်သူ ၈၇၀၄၃၀ ခန့်အတွက် မြေသားလမ်းသာရှိသော အခြေအနေမှ ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်းများအဖြစ်လည်း ကောင်း၊ ဒေသဆောက် ဝါးတံတား၊ သစ်သားတံတား များမှ သဘာဝဘေးဒဏ်ခံနိုင်သော သံကူကွန်ကရစ် တံတားများအဖြစ်လည်းကောင်း အဆင့်မြှင့်တင် ဆောက်လုပ်ပေးလျက်ရှိသည်။
ကျေးလက်နှင့် မြို့ပြ လူနေမှုဘဝ ကွာဟချက် နည်းပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ရာတွင် နေပြည်တော်အတွင်း ကွန်ကရစ်လမ်း ၆၄/၇ ဒသမ ၇၁ မိုင်၊ ကတ္တရာလမ်း ၁၀၄/၃ ဒသမ ၆ မိုင်၊ ကျောက် လမ်း ၁၈၇/၂ ဒသမ ၀၈ မိုင်၊ အမာခံလမ်း ၄၃၇/၄ ဒသမ ၄ မိုင်၊ မြေသားလမ်း ၄၈၆/၆ ဒသမ ၂၇ မိုင်၊ ဆိုင်ကယ်လမ်း ၃၂၇/၀ ဒသမ ၆၃ မိုင် စုစုပေါင်း ကျေးလက်လမ်း ၁၆၀၈/၀ ဒသမ ၇၂ မိုင်ကို နေပြည် တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အဆင့် မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနသည် ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း ၈၅/၇ ဒသမ ၃ မိုင်၊ ကတ္တရာလမ်း ၅၉/၁ ဒသမ ၆၃ မိုင်၊ ကျောက်ချောလမ်း ၈၇/၄ ဒသမ ၂၃ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁၅၁/၄ ဒသမ ၈၈ မိုင်၊ မြေသားလမ်း ၁၂၃/၃ ဒသမ ၈၂ မိုင်၊ စုစုပေါင်း လမ်းမိုင် ၅၀၇/၅ ဒသမ ၈၆ မိုင်ကို ကျေးလက်နေ ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျေးလက်တံတားများ
ထို့ပြင် ကျေးလက်တံတားများအနေဖြင့် နေ ပြည်တော်အတွင်း ကွန်ကရစ်တံတား ၄၆ စင်း၊ သစ်သားတံတား သုံးစင်း၊ ရေကျော်အစင်း ၃၀၊ Box Culvert ၂၆၆ စင်း စုစုပေါင်း ၃၄၇ စင်းကို အဆင့် မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။
ဌာန၏ ဆောင်ရွက်ချက်များ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို စတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း ၈၅/၇ ဒသမ ၃ မိုင်၊ ကတ္တရာလမ်း ၅၉/၁ ဒသမ ၆၃ မိုင်၊ ကျောက်ချောလမ်း ၈၇/၄ ဒသမ ၂၃ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁၅၁/၄ ဒသမ ၈၈ မိုင်၊ မြေသားလမ်း ၁၂၃/၃ ဒသမ ၈၂ မိုင် စုစုပေါင်းလမ်းမိုင် ၅၀၇/၅ ဒသမ ၈၆ မိုင်ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီး နေပြည်တော်အတွင်းရှိ ကျေးလက်လမ်းများအား ရာသီမရွေး သွားလာနိုင်သောလမ်း ၂၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ခြောက်သွေ့သောရာသီတွင် သွားလာ နိုင်သောလမ်း ၇၇ ဒသမ ၅ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ခဲ့သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မဟာ ဗျူဟာ ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံးရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ကျေးလက် လမ်းများကို အသုံးပြုနိုင်ကြရန် ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၉၀၀ နှင့်အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၂၅၀ နှင့်အထက်ရှိ ကျေးရွာများအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာအားလုံး၏ ၉၀ ရာခိုင်နှုန်းတို့ကို ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်အဆင့်မြှင့်တင်မည်
ထို့အတူ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ အတွင်းရှိ ကျေးလက်လမ်း၊ တံတားများ ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ အဆင့်မြှင့်တင် ခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးသွား မည်ဖြစ်ရာ ကျေးလက်နှင့် မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်လာ၍ နေပြည်တော်အတွင်းရှိ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝများသည် အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။
- Log in to post comments