ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး ကျေးလက်လူမှုစီးပွားတိုးပွားစေမည်

Type
5

 

မေရတနာ
 

 

သမ္ဘူလရွာသည်   တိုက်နယ်ကျေးရွာတစ်ခုဖြစ်ပြီး လူဦးရေများစွာ၊ အိမ်ခြေများစွာဖြင့် စိုက်ပျိုးရေး ဖြစ် ထွန်းသော ကျေးရွာအုပ်စုတစ်ခုဖြစ်သည်။ အဆိုပါ  ကျေးရွာသည် အောင်လံမြို့နှင့် မနီးမဝေးတွင်သာ တည်ရှိနေသည်။ ထိုသို့ မြို့နှင့်အလှမ်းမဝေးလှသော် လည်း ယခင်က သွားလာရခက်ခဲပြီး စိုက်ပျိုးထွက် ရှိသည့်   သီးနှံကိုပင်   အောင်လံမြို့သို့   ခက်ခက်ခဲခဲ ပို့ဆောင်ရောင်းချခဲ့ရသည့်  အခြေအနေတည်ရှိခဲ့ သည်။

 


အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလလမ်း


မြေသားလမ်းအဖြစ်  တည်ရှိခဲ့သည့် အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလလမ်းကို  ကတ္တရာ လမ်းအဖြစ်  အဆင့်ဆင့် မြှင့်တင်လိုက်သည့်အခါ ထိုလမ်းကို  အသုံးပြုသည့်  ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများသည်  ယခင်နှင့်မတူ  ကွာခြား လာခဲ့သည်။ 

 


မြေသားလမ်းမှတစ်ဆင့်   ကျောက်ခင်းလမ်း၊ ကျောက်ခင်းလမ်းမှတစ်ဆင့်   ကတ္တရာလမ်းအထိ အဆင့်ဆင့်  တိုးတက်ပြောင်းလဲလာပြီး  လမ်းပန်း ဆက်သွယ်ရေး      ကောင်းမွန်လာသည့်အတွက် မြို့နယ်အတွင်း  ပညာရေး၊  ကျန်းမာရေး  အပါအဝင် ဒေသခံကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ များသည် တိုးတက်လာခဲ့ပေပြီ။

 


“အရင်ကတော့  ကျန်းမာရေး  အရေးပေါ်ရင် အချိန်မမီလို့     အသက်ဆုံးရှုံးတာရှိတယ်။     လမ်း မကောင်းတော့ ပိုက်ဆံရှိပေမယ့် ကားကောင်းဝယ် စီးလို့မရတဲ့ အခြေအနေပါ။   လမ်းဆိုတာ  ဖွံ့ဖြိုးမှု ကို ညှိပေးတယ်ဆိုတာ တကယ်မှန်ပါတယ်။ အခုဆို ပဲရောင်းရောင်း၊  နှမ်းရောင်းရောင်း၊  ဘာကိစ္စရှိရှိ မြို့နဲ့   နေ့ချင်းပြန်   သွားလာလို့ရနေပြီ။ အောင်လံ သွားမလား၊ ပြည်သွားမလား၊ လမ်းပေါက်တော့ ခရီးတွင်သလို တခြား ပညာရေး၊ ကျန်းမာရေးလည်း မခက်ခဲတော့ဘူး”ဟု      စမ်းကလေး(ရေတွင်းစု)ကျေးရွာတွင်     နေထိုင်သည့်    ဦးဝင်းမင်းသန်းက ပြောသည်။

 


မကွေးတိုင်းဒေသကြီး     သမ္ဘူလတိုက်နယ် ကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာနေပြည်သူများ သည် အောင်လံမြို့နှင့် ၂၂ မိုင်ခန့်သာ ကွာဝေးသော် လည်း ယခင်က လမ်းကြောင့် အလှမ်းဝေးနေခဲ့သည်။ မိုးတွင်းကာလ၌ ဒေသထွက်ကုန်များနှင့် ကုန်စည် များ ရောင်းဝယ်ဖောက်ကားကြရာတွင်လည်း ရွှံ့စေးဆန်သော မြေသားလမ်းကြောင့် ခရီးဖင့်ခဲ့ ကြသည်။

 


“လမ်းပန်းဆက်သွယ်ရေးကောင်းရင်  ကျန်တဲ့ အရေးကြီးကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးက      အတူဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရင်   ရာသီပေါ်သီးနှံတွေကို   အချိန်မီ စျေးကွက်ကိုပို့နိုင်ပြီး  စီးပွားရေး  တိုးတက်လာမယ်။ စီးပွားရေးတိုးတက်လာတာနဲ့အမျှ     တခြားကဏ္ဍ တွေလည်း   ဆက်စပ်ပြီး  တိုးတက်လာမှာဖြစ်ပါ တယ်”ဟု   မကွေးတိုင်းဒေသကြီး  ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန     ညွှန်ကြားရေးမှူး ဦးသိန်းစန်းလှိုင်က ပြောသည်။

 


မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး  ဦးစီးဌာနသည် အောင်လံ- ကျောက်ပန်းတောင်း-သမ္ဘူလလမ်းကို ၁၂ ပေအကျယ်  ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၁- ၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ် အထိ    ကတ္တရာလမ်းသစ်နှင့်    ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ရှေ့ပြေးစီမံကိန်း


ကျေးလက်လမ်းဖွံ့ဖြိုးရေး    ဦးစီးဌာနသည် ကျေးလက်လမ်းများဆောင်ရွက်ရာတွင်  လမ်းဦးစီး ဌာနလမ်းများနှင့် ချိတ်ဆက်သည့် ကျေးလက်လမ်း များ၊  မြို့နှင့်ကျေးရွာ ဆက်သွယ်သည့် ကျေးလက် လမ်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ဗျူဟာ မြောက်အရေးပါသည့် ပြည်သူလူထု အသုံးပြုမှုများ သည့် လမ်းများကို ရှေ့ပြေးစီမံကိန်း (Pilot Project) ရွေးချယ်ဆောင်ရွက်ခဲ့ကာ       ဒေသလူမှုစီးပွား   များတိုးတက်အောင်      အထောက်အကူပြုနိုင်ခဲ့သည်။ 

 


မကွေးတိုင်းဒေသကြီး     အောင်လံမြို့နယ်ရှိ အလယ်ရိုးမပေါ်တွင်  တည်ရှိသော  ကျေးရွာများနှင့် အောင်လံမြို့သို့    ဆက်သွယ်သော   အောင်လံ- ကျောက်ပန်းတောင်း - သမ္ဘူလလမ်းကို    Pilot Project အနေဖြင့်     ရွေးချယ်ကာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှစ၍      လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 


“ဒီလမ်းကို   ပထမဦးစားပေး Pilot Project အနေနဲ့  နှစ်စဉ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်အထိ ခြောက်မိုင်ကို  ကတ္တရာ လမ်းအဖြစ်လည်းကောင်း၊   ၁၅ မိုင်  ၄ဖာလုံကို           ကတ္တရာထပ်ပိုးလွှာအဖြစ်လည်းကောင်း ဆောင်ရွက်  ခဲ့သလို    ဒီလမ်းပိုင်းအတွင်းလိုအပ်တဲ့   ကွန်ကရစ် တံတား  လေးစင်း၊ Box Culvert  ၁၄ စင်း၊ ဘေလီ တံတား တစ်စင်းတို့ကို ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၇၄၅ ဒသမ ၄၅၀ သန်းနဲ့ ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။ 

 


 “အောင်လံ- ကျောက်ပန်းတောင်း- သမ္ဘူလ လမ်း ၂၂ မိုင် ၇ ဖာလုံကို   ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးတဲ့အခါ ဒီလမ်းပျက်စီးမှု နည်းပါးစေဖို့ ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။ လမ်းပေါ်ကို လှည်း တွေ သွားလာတာ၊ တန်ပိုယာဉ်တွေ ဖြတ်သန်းတာ တွေ မရှိစေဖို့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းထိန်းသိမ်းသွားမှာဖြစ်ပါတယ်။   ဒီအတွက်   သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူပြီး၊ လမ်းပျက်စီးမှု ဖြစ်ပေါ် ခဲ့တဲ့ အပိုင်းတွေကို ပြင်ဆင်ထိန်းသိမ်းခြင်း  ရန်ပုံငွေ တွေနဲ့ ဘဏ္ဍာနှစ်အလိုက် ပြုပြင်ဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆက်လက် ပြောကြားသည်။ 

 


နိုင်ငံအတွင်းရှိ   ကျေးရွာများ   အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် ကျေးလက်လမ်း၊ တံတားများ ကောင်းမွန် ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက    ရည်မှန်းဆောင်ရွက် လျက်ရှိပြီး  ကျေးလက်လမ်းဖွံ့ဖြိုးရေး  ဦးစီးဌာနကို ၂၀၁၇  ခုနှစ်  ဇူလိုင် ၂၁ ရက်က  ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေးအမှတ် စဉ်(၁၄/၂၀၁၇)တွင်    အသစ်တိုးချဲ့ဖွဲ့စည်းရန် သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 


ကျေးလက်လမ်းများ   ဖွံ့ဖြိုးရေးမဟာဗျူဟာ


ထိုကဲ့သို့ နိုင်ငံအတွင်းရှိ ကျေးလက်ဒေသလမ်း၊ တံတားများ   တိုးတက်ရေး     ဆောင်ရွက်ရာတွင် အမျိုးသားအဆင့်ကျေးလက်လမ်းများ   ဖွံ့ဖြိုးရေး မဟာဗျူဟာကို  ရေးဆွဲထားရှိပြီး ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် 
နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင် နှုန်းသည် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများ  အသုံးပြုနိုင်ရန်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


အဆိုပါ ရည်မှန်းချက်နှင့်အညီ မကွေးတိုင်း ဒေသကြီး  ကျေးလက်လမ်း  ဖွံ့ဖြိုးရေးဦးစီးဌာန သည်    တိုင်းဒေသကြီးအတွင်း   ကျေးလက်လမ်း၊ တံတားများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ   ကျေးရွာစုစုပေါင်း ၄၇၈၈ ရွာရှိ လမ်းအရှည်  စုစုပေါင်း ၁၂၀၂၀ ဒသမ ၄၁၄ ကီလို မီတာကို ထိန်းသိမ်းအဆင့်မြှင့်တင် ဆောင်ရွက် ပေးလျက်ရှိပြီး  လက်ရှိတွင်  ရာသီမရွေးသွားလာ နိုင်သည့်  ကျေးရွာ ၁၁၇၀ ရှိနေပြီဖြစ်သည်။

 


ဘဏ္ဍာနှစ်အလိုက်  အဆင့်မြှင့်တင်


“တိုင်းဒေသကြီးထဲမှာ     ခြောက်သွေ့ရာသီမှ  သွားလာနိုင်တဲ့     ကျေးရွာကတော့ ၃၅၁၃ ရွာ ရှိပါတယ်။  ရာခိုင်နှုန်းအားဖြင့်ဆိုရရင် ၇၃ ရာခိုင် နှုန်းကတော့  ခြောက်သွေ့ရာသီမှ  သွားလာနိုင်ပြီး တော့  ရွာအားလုံးရဲ့  ၂၇ ရာခိုင်နှုန်းက ရာသီမရွေး သွားလာနိုင်နေပါပြီ။    ကျန်တဲ့ရွာတွေအတွက် ဘဏ္ဍာနှစ်အလိုက်  အဆင့်မြှင့်တင်  ဆောင်ရွက် သွားရမှာ   ဖြစ်ပါတယ်” ဟု    ညွှန်ကြားရေးမှူးက  ပြောသည်။ 

 


မကွေးတိုင်းဒေသကြီး    ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနသည်      ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁  ဘဏ္ဍာ နှစ်အတွင်း ကျေးလက်လမ်းအနေဖြင့် ကွန်ကရစ် လမ်း  ၁၇ ဒသမ ၇၂၈ ကီလိုမီတာ၊  ကတ္တရာလမ်း ၂၆၈ ဒသမ ၄၂၉ ကီလိုမီတာ၊  ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ၁၃ ဒသမ ၀၇၄ ကီလိုမီတာ၊ ကျောက်ချော လမ်း ၁၄၂ ဒသမ ၇၁၂ ကီလိုမီတာ၊ အမာခံလမ်း  ၅၀၉၁ ဒသမ ၁၆၃  ကီလိုမီတာ၊ မြေသားလမ်း   ၈၉၇ ဒသမ ၀၁ ကီလိုမီတာ  ဆောင်ရွက်ပေးနိုင်ခဲ့ သည်။ 

 


ထို့အတူ   ကျေးလက်ဒေသများတွင် ကွန်ကရစ် တံတား ၁၄၄ စင်း၊   သစ်သားတံတား ခြောက်စင်း၊   ဘေလီတံတား ၆၈ စင်း၊   Box Culvert ၉၁၇ စင်း၊ ရေကျော် ၂၅၅ စင်း၊ အခြား ၁၇၀  စုစုပေါင်း  တံတား ၁၅၆၀ ကို  အကောင်အထည်ဖော်နိုင်ခဲ့သည်။ 
အလားတူ  ၂၀၂၁  ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်  မတ်လအထိ    ကျေးလက်လမ်းအနေဖြင့် ကွန်ကရစ်လမ်း ၂ ဒသမ ၆၁၄ ကီလိုမီတာ၊    ကတ္တရာ လမ်း ၅၇ ဒသမ ၉၄ ကီလိုမီတာ၊ ကျောက်ချော လမ်း ၅ ဒသမ ၉၅၂ ကီလိုမီတာ၊    အမာခံလမ်း ၄၁၆ ဒသမ ၃၃၆ ကီလိုမီတာ၊     မြေသားလမ်း ၁၅ ဒသမ ၂၈၆ ကီလိုမီတာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ထို့အတူ ကျေးလက်ဒေသများတွင် ကွန်ကရစ်    တံတား ၁၃ စင်း၊   ဘေလီတံတား သုံးစင်း၊  Box   Culvert ၁၁၄ စင်း၊   ရေကျော် ၄၃ စင်း၊  အခြား ၁၀ စင်း  စုစုပေါင်း တံတား  ၁၈၃ စင်းကို  အကောင် အထည်ဖော်နိုင်ခဲ့သည်။ 

 


“မကွေးတိုင်းဒေသကြီးအတွင်းမှာ ကျေးလက် လမ်းအနေနဲ့ လွှမ်းခြုံမိဖို့ ဆက်လက်လုပ်ဆောင်ရ မယ့်လမ်းတွေရှိပါသေးတယ်။ ငဖဲ၊ စေတုတ္တရာ၊    သရက်၊  ကံမ၊  မင်းတုန်း၊  ဂန့်ဂေါ၊  ထီးလင်းနဲ့  ဆော မြို့နယ် တွေထဲက ကျေးရွာချင်းဆက်လမ်းတွေ၊ လမ်းဦးစီး ဌာနက    ဆောင်ရွက်တဲ့    မြို့နယ်ချင်းဆက်လမ်းကို   ကျေးရွာကနေဆက်သွယ်တဲ့    လမ်းတွေကို    နှစ်စဉ်  ဘဏ္ဍာနှစ်အလိုက်  အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။ 

 


 အချုပ်အားဖြင့်ဆိုရလျှင်  မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန    အနေဖြင့် ကျေးလက်လမ်း၊    တံတားများကို    ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင် ကာ   ကျေးလက်နေ    ပြည်သူများ၏    လူမှုစီးပွား ဘဝ     ဖွံ့ဖြိုးတိုးတက်ရေးကို     ကြိုးပမ်းဖော်ဆောင် ပေးသွားမည်ဖြစ်ပါကြောင်း       တင်ပြလိုက်ရပါ   သည်။      ။