ကျေးလက်လမ်းလုပ်ငန်းများနှင့် ဖူးကြီးရေလှောင်တမံမှ ရေပေးဝေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   မေ   ၅


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည်  တိုက်ကြီးနှင့် မှော်ဘီမြို့နယ်အတွင်းမှ  စနစ်ကျ လယ်​မြေများ ဖော်ထုတ်မည့်နေရာ၊ ကျေးလက်လမ်းခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှုနှင့် ဖူးကြီး ရေလှောင်တမံနှင့် ဖူးကြီးရေတွန်း စက်ရုံမှ   ရေပေးဝေနေမှုများကို မေ ၃ ရက်က လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


တိုင်းဒေသကြီး ဝန်ကြီးချုပ် သည်        တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စုတွင် တောင်သူ ၄၇  ဦးအတွက် စက်မှု လယ်ယာဦးစီးဌာနက  ဆောင်ရွက် နေသော စက်မှုလယ်ယာ စနစ်ကျ လယ်မြေ ဧက ၃၀၀ ဖော်ထုတ် သည့်နေရာနှင့်     တိုက်ကြီး-   ဖူးကြီး- ဖောင်ကြီး- ဘုရားကြီး (ကြီးလေးကြီး)လမ်းမှ မှော်ဘီမြို့ နယ် မလေးရှားဝိုင် ကျေးရွာအုပ်စု
မေတ္တာအေးကျေးရွာ အဝင်လမ်း (အရှည် ၄၆၅၇  ပေ)၌ တိုင်းဒေသ ကြီး   ကျေးလက်လမ်းဦးစီးဌာန က   ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊    ရန်ကုန် မြို့တော်    စည်ပင်သာယာရေး ကော်မတီက မြို့တော်နေပြည်သူ များအား    သောက်ရေသုံးရေ ဖြန့်ဝေပေးနေသည့်   မှော်ဘီမြို့ နယ်    ဖူးကြီးရေလှောင်တမံနှင့် ဖူးကြီး     ရေတွန်းစက်ရုံတို့ကို လှည့်လည်ကြည့်ရှု   စစ်ဆေးရာ တာဝန်ရှိသူများက     လုပ်ငန်း  ကဏ္ဍအလိုက်  ရှင်းလင်းတင်ပြ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က  လိုအပ်သည်များ  မှာကြားခဲ့ သည်။

 


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မှော်ဘီမြို့နယ် ဓမ္မာရုံကျောင်းနှင့်  အင်းစိန်မြို့နယ် သာသနာ့ဗိမာန်တော် စာဖြေဌာန တို့၌ အစိုးရဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်စာမေးပွဲ၌ နိကာယ် စာမေးပွဲ   ဖြေဆိုနေကြသည့် သံဃာတော်နှင့် သီလရှင်များအား ဖူးမြော်ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့သည်။


ဆန်းကျော်ဦး(ပြန်/ဆက်)