
ကော့သောင်း သြဂုတ် ၂
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း) က ဖွင့်လှစ်သည့် ရပ်ရွာ အခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁ ရက်က ကော့သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ကျင်းပရာ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
သင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၁/၂၀၂၂)ဖြင့် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း ခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ အသစ်ကို လေ့လာသိရှိနိုင်ရန် ကော့သောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်မိရပ်ဖ များနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ရပ်/ကျေးမိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီး ရေးရာအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို လူကုန် ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ အခြေခံ ကျသည့် ရပ်ရွာများမှတစ်ဆင့် လူကုန်ကူးခံရသူ ဖြစ်ကြောင်း၊ ကနဦးစိစစ်သတ်မှတ်နိုင်ရန်နှင့် လူ ကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းများကိုစနစ်တကျအသုံးပြုတတ်ကြစေရန် ရည်ရွယ်ကာ သင်တန်းကာလ သုံးရက်တာ ရက်တိုသင်တန်း အဖြစ် ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေဆိုင်ရာများ၊ နိုင်ငံတကာနှင့် မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအခြေအနေ များ၊ အခြေခံကျသည့်ရပ်ရွာများအတွင်း လူကုန်ကူး မှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု ဘာသာရပ်များကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု/စိတ်များမှ သင်တန်းနည်းပြများက လူကုန်ကူးမှု ဖြစ်စဉ်ဖြစ်ပွားမှုများပြားရာဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်၊ ကရင်ပြည်နယ် မြဝတီ မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်တို့တွင် ဦးစားပေးအဆင့်အနေဖြင့် စတင် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)