
နေပြည်တော် ဇူလိုင် ၁၁
တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် အတွင်း ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ် ခမောက် ကြီးမြို့အနီး ဘုတ်ပြင်း-ကော့သောင်းသွား ကားလမ်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၃၇) နှင့် (၂၃၈) ကြားရှိ ကတ္တရာကားလမ်း အရှည် (၄)ဖာလုံခန့် နေရာကို ခမောက် ကြီး ချောင်းရေမြင့်တက်လာမှု ကြောင့် ကားလမ်းရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်း ရေကျော် မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ခမောက်ကြီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ် များ သွားလာမှုအဆင်ပြေ စေရန်နှင့် အန္တရာယ်မဖြစ်စေရေး အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။
ထို့အပြင် ခမောက်ကြီး ချောင်းရေ မြင့်တက်ခဲ့မှုကြောင့် ကော့သောင်းမြို့နယ် ခမောက် ကြီးမြို့ အမှတ် (၁) ရပ်ကွက်ရှိ အိမ်ခြေ ၆၂ လုံးခန့် ရေဝင်ရောက်မှု များ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ပြည်သူများကို ရေဘေးလွတ်ရာ နေရာများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ နယ်မြေခံ တပ်မတော်သားများက ရွှေ့ ပြောင်း နေရာချထားပေးပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်