
နေပြည်တော် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး ကော့ သောင်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သည့် နယ်လှည့်အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်းရှိ ဘိုးဘွားရိပ်သာ၌ ဒေသခံ ဆလုံလူမျိုးများနှင့် တပ်မတော် သား မိသားစုဝင် စုစုပေါင်း ၃၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၇၈ ဦး၊ ခွဲစိတ်ရောဂါ ၃၆ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၃၂ ဦး၊ ကလေး ရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၃၀၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၃၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦးကို ခွဲစိတ်ကုသမှုများ ဆောင် ရွက်၍ သွားနှင့်ခံတွင်းလူနာ ၁၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၃၈ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၅၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၂ ဦး၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်လူနာ သုံးဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသ ရန် လိုအပ်သည့် ဒေသခံပြည်သူ လေးဦးအား ဆေးရုံရေယာဉ်ပေါ် တွင် ဆေးရုံတင်ကုသပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်