ကော့သောင်းမြို့နေပြည်သူ ၁၅၈၂ ဦးအား ကိုဗစ်- ၁၉ ကာကွယ်ဆေး တစ်ကြိမ်စီ ထိုးနှံပေးပြီးဖြစ်

 

ကော့သောင်း   သြဂုတ်   ၅  


တနင်္သာရီ        တိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင်  ကိုဗစ်-  ၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၁၅၀ ဖြင့်  ရဟန်းသံဃာတော်များ၊     အသက်   ၆၅ နှစ်နှင့်   အထက်   သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူများအား   ယနေ့ နံနက်ပိုင်းအထိ    ထိုးနှံပေးလျက် ရှိသည်။

 


ယခု ဒုတိယအကြိမ်ရရှိသည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံး ရေ ၂၁၅၀   ဖြင့် ကော့သောင်းခရိုင် နှင့်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့်   ကော့သောင်း မြို့     ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်    ခုတင်(၁၀၀) တပ်မတော်ဆေးရုံ     ဆေးဝန်ထမ်း များက ဇူလိုင် ၃၁ ရက်မှစတင်၍  ရဟန်းသံဃာသာသနာ့ဝန်ထမ်း များ၊ အသက် ၆၅ နှစ်နှင့်  အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊  ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှပါဝင်      ဆောင်ရွက်    ပေးလျက်ရှိသည့်  ကျန်းမာရေးဝန်ထမ်းများနှင့် လူမှု ကူညီရေးအဖွဲ့များအား  ဦးစားပေး ထိုးနှံပေးခဲ့ရာ      ခရိုင်ပြည်သူ့ ကျန်းမာရေးဌာန၏     သြဂုတ် ၄ ရက်စာရင်းအရ       ပြည်သူ ၁၅၈၂ ဦးအား        ကာကွယ်ဆေး တစ်ကြိမ်စီ   ထိုးနှံပေးပြီး   ဖြစ် သည်။   အဆိုပါ    ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူများအားလုံး သတ်မှတ်ကာလအတွင်း      နောက် ထပ်တစ်ကြိမ်   ကာကွယ်ဆေး   ဆက်လက်ထိုးနှံရဦးမည်ဖြစ်သည်။

 


ကော့သောင်းမြို့နယ်အတွင်း ဇွန်လအတွင်းက  ပထမအကြိမ် အဖြစ် လူဦးရေ စုစုပေါင်း၅၄၂၅ ဦးအား  ကိုဗစ်- ၁၉ ကာကွယ်ဆေး နှစ်ကြိမ်စီ  အကြိမ်ပြည့်   ထိုးနှံ ပေးခဲ့ပြီးဖြစ်သည်။

 


ခရိုင်    ပြည်သူ့ကျန်းမာရေး      ဌာနအနေဖြင့်  ကျေးလက်ဒေသ များရှိ  ပြည်သူများအား   ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံမှု    လုပ်ငန်းများကိုလည်း အဖွဲ့ခွဲကာ  တစ်ပြိုင်နက်တည်း   ဆောင်ရွက်လျက်      ရှိကြောင်း၊   မြို့နယ်အတွင်း ရပ်ကွက်   ၁၃  ရပ်ကွက်၊   ကျေးရွာအုပ်စု ၁၈ အုပ်စု၊     ကျေးရွာ ၉၁ ရွာရှိပြီး  လူဦးရေ  ၉၁၉၄၉ ဦးခန့်ရှိကြောင်း   မြို့နယ်ဒေသဆိုင်ရာ             အချက် အလက်    စာရင်းဇယားများ အရ သိရသည်။ 

 


ကျော်စိုး (ကော့သောင်း)