ကော့သောင်းမြို့၌ ကော့သောင်း - ရနောင်း ခရီးသွားလုပ်ငန်းမြှင့်တင်မည်

 

ကော့သောင်း    ဇန်နဝါရီ    ၂၄


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့၌ ကော့သောင်း - ရနောင်းခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်ပြီး စျေးပွဲတော် ကိုလည်း လာမည့်ဖေဖော်ဝါရီလတွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ   ကော့သောင်းမြို့နှင့်   ထိုင်း နိုင်ငံ ရနောင်းမြို့အကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်သလို ကော့သောင်းမြို့တွင်လည်း စျေးပွဲတော်တစ်ခု ပြုလုပ်ရန် ထိုင်းနိုင်ငံမှ လာရောက်ဆွေးနွေးမှု များရှိနေကြောင်း သိရသည်။


“ကော့သောင်းမြို့ရှိ  (၃) မိုင် ကမ်းခြေမှာ စျေးပွဲတော်တစ်ခု ပြုလုပ်မယ်ကြားရတယ်။ ဖေဖော်ဝါရီ   ၃  ရက်ကနေ   ၇ ရက်နေ့အထိ လုပ်မယ်လို့ သိရတယ်။ ထိုင်းနိုင်ငံက တကယ် လုပ်ချင်တာက   ဘီယာပွဲတော်မျိုး၊   ဘီယာ ရောင်းပွဲတော်မျိုး လုပ်ချင်ကြတာ။ အရင်က ဘီယာရောင်းပွဲတော်မှာ Expire Date ဖြစ်နေ တဲ့   ဘီယာတွေကိုရောထည့်ပြီး  ရောင်းချလို့ 
ပြဿနာတက်ခဲ့ဖူးတယ်။  အဲဒီကနေ  စျေးပွဲတော်မှာ ဘီယာပွဲတော် ပြုလုပ်ခွင့်မပေးတော့ဘူး၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။  


ကော့သောင်း-ရနောင်း Tourism 2024 ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်ရန်လျာထားသော်လည်း လာမည့်ဖေဖော်ဝါရီလ ၃ ရက်တွင် ပြုလုပ်ရန်ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးတက်ရောက် ခဲ့သူတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ကော့သောင်း မြို့တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် စျေးပွဲတော်နေရာသတ်မှတ်   ရေးအတွက်   ခရိုင်အဆင့်တာဝန်ရှိသူများက   အစည်းအဝေးပြုလုပ်ခဲ့ ကြောင်း သိရသည်။


မြန်မာနိုင်ငံ    ကော့သောင်းမြို့တွင်  ပြုလုပ်မည့်    ကော့သောင်း-ရနောင်း Tourism 2024 ပွဲကို ထိုင်းနိုင်ငံတစ်ဝန်းရှိ ခရီးသွားပြည်သူများ၊ လုပ်ငန်းရှင်များလည်း   တက်ရောက်ရန်    ခရီးသွားလုပ်ငန်းကောင်စီ တိုင်းဒေသကြီး-10 (ရနှောင်း-ချုံဖွန်-စူရတ်တာနီ)ဥက္ကဋ္ဌ မစ္စစ်ကန်နီ ကာအိုင်အိုထရာကူက ဆော်ဩဖိတ်ကြားထားကြောင်း ထိုင်းသတင်း များတွင် ဖော်ပြထားချက်အရ သိရသည်။


ထိုင်းနိုင်ငံအနေဖြင့် ကော့သောင်း-ရနောင်း Tourism 2024 ကျင်းပ ရာတွင်      မြန်မာ့စီးပွားရေးမြှင့်တင်ရန်၊      နှစ်နိုင်ငံခရီးသွားလုပ်ငန်း အထောက်အကူပြုရန်၊    ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက်    ရည်ရွယ် ကြောင်း    ထုတ်ပြန်ခဲ့သည်။     ထိုင်းနိုင်ငံမှ     ခရီးသွားများအနေဖြင့် ကော့သောင်းခရိုင်အတွင်းရှိ လှပသောကျွန်းများ၊ အထင်ကရနေရာများ သို့  ပွင့်လင်းရာသီများတွင် အများဆုံးလာရောက်လည်ပတ်လေ့ရှိပြီး ကော့သောင်း - ရနောင်းမှာလည်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍအသီးသီးတို့တွင် ကာလကြာရှည်စွာခိုင်မာသည့် ဆက်ဆံ ရေးများရှိနေကြောင်း သိရသည်။                                

မြင့်ဦး(မြိတ်)