ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေ တစ်စင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်

 

နေပြည်တော်  မတ်   ၁၂ 


တနင်္သာရီတိုင်း      ဒေသကြီး ကော့သောင်းမြို့နယ်ရှိ   မြန်မာ့ ပင်လယ်ပြင်အတွင်း   လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် (ရေ)မှ      တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏   အနောက် တောင်ဘက် ရေမိုင် ၃ ဒသမ ၈မိုင် အကွာ၌   ငွေလရောင်အမည်ရှိ ငါးသယ်လှေ   တစ်စင်း   ရေဝင် နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်း လှေများ၏   သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်ရာ မတ် ၁၁ ရက် ည ၈ နာရီ ၃၅ မိနစ် ခန့်တွင်   ရေဝင်နစ်မြုပ်နေသည့် လှေအားတွေ့ရှိခဲ့ပြီး လှေပေါ်တွင် လိုက်ပါလာသော       လှေသား  ၁၀ ဦးအား     ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ   လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည် နှင့်   စားသောက်ဖွယ်ရာများ ထောက်ပံ့၍   လှေသားများအား သက်ဆိုင်ရာသို့     စနစ်တကျ လွှဲပြောင်း    ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်