
ကော့သောင်း စက်တင်ဘာ ၁၅
ကော့သောင်းမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဌာန အနေဖြင့် Antigen repid test kit (RTD) ဖြင့် မိုဘိုင်းအသွင်သဏ္ဌာန် လိုက်လံစစ်ဆေးပေး၍ ဖော်ထုတ် လျက်ရှိရာ ယနေ့နံနက်ပိုင်းက စက်ရုံ၊ အလုပ်ရုံများမှ အလုပ် သမားများအား ကွင်းဆင်း စစ်ဆေးပေးသည်။
စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များဖြင့် ကော့သောင်း မြို့အတွင်းရှိ အလုပ်သမားဦးရေ များပြားသည့် စက်ရုံ၊ အလုပ်ရုံများ ဖြစ်သော အေးရိပ်ရပ်ကွက်ရှိ အောင်သုခရေခဲစက်ရုံ၊ ရွှေဝက်ဝံ အအေးခန်းစက်ရုံနှင့် ရွှေပြည်သာ ရပ်ကွက် သီတာရေလုပ်ငန်း ကုမ္ပဏီ လှေတည်ဆောက်ရေး မြေပေါ်လွန်းကျင်းအလုပ်ရုံများသို့ သွားရောက်ကာ စက်ရုံလုပ် သားများနှင့် မိသားစုဝင်များအား အခမဲ့စစ်ဆေးပေးခြင်းဖြစ်သည်။
ကော့သောင်းမြို့တွင် လွန်ခဲ့ သည့်ရက်ပိုင်းက ရပ်ကွက်များ အတွင်း ရောဂါလက္ခဏာမပြဘဲ သာမန် လူများကဲ့သို့ သွားလာလှုပ်ရှားလျက်ရှိသူများကို တွေ့ရှိ ရသဖြင့် ရောဂါပိုးရှိနေသူများကို ဖော်ထုတ်ကာ ရောဂါကူးစက် ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ် တောက်ထိန်းချုပ်နိုင်ရန် ယခုလို စစ်ဆေးခြင်းဖြစ်ကြောင်း၊ လူများ ပြားရာ စက်ရုံ၊ အလုပ်ရုံများမှ ရောဂါကူးစက်ခံထားရသူများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းနှင့် ရောဂါထိန်းချုပ် နိုင်သည့် အချိန်အတိုင်းအတာ တစ်ခုအထိ လိုက်လံစစ်ဆေးရန် အစီအစဉ်ရှိကြောင်း ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး မှုတွင် ရောဂါပိုးရှိသူ အလုပ်သမား များကို တွေ့ရှိပါက စက်ရုံ တာဝန်ရှိသူများ၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများ တွင်ပင် သီးသန့်ထားရှိကာ ဆေး ကုသမှုများ ဆက်လက်ဆောင် ရွက်ပေးမည် ဖြစ်ကြောင်း သိရ သည်။
ကျော်စိုး(ကော့သောင်း)