
နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများနှင့် ဒေသ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ် ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင် မြို့နယ်ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြား ရာတွင် ပြင်ဦးလွင်ဒေသအတွင်း၌ ကော်ဖီနှင့် ဒေသ ထွက်ကုန်ပစ္စည်းများကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ် သည်များကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသကို ကော်ဖီဒေသ ဖြစ်စေရေးအတွက် ယခင်ကတည်းကပင် ကော်ဖီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမြေနေရာ များ ဖော်ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ကော်ဖီလုပ်ငန်းလုပ်ဆောင်ရန် မြေနေရာရယူထားသူ များအနက် အမှန်တကယ်အင်ပြည့်အားပြည့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသူများကိုလည်း စိစစ်ဖော်ထုတ်သိရှိရကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုသကဲ့သို့ အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း လုပ်ဆောင် နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် လိုကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်စီးပွားရေးကို အဓိကထားဆောင်ရွက် သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လူတို့၏ နေ့စဉ်ဘဝ တွင် စားရေးသည်အရေးကြီးပြီး စားရေးကိုအထောက် အကူပြုရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာများ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်မှုများ ရှိပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေခံမြေခံ ကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ထိထိ ရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူသည့်အချိန်တွင် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ ကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။
ပြင်ဦးလွင်ဒေသတွင် လွန်ခဲ့သည့်ဆယ်စုနှစ် ကျော်ကတည်းက ကော်ဖီစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လည်း ကော်ဖီလုပ်ငန်းကို အားပေးဆောင်ရွက်မှု အားနည်းခဲ့သောကြောင့် မျှော်မှန်းထားသလောက် အောင်မြင်မှု မရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကတည်း က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို အမှန်တကယ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက ယခုအချိန်တွင် ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့်ကိုက်ညီ မှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြင်ဦးလွင်ဒေသမှ ကော်ဖီလုပ်ငန်းရှင်များကို မကြာ ခဏတွေ့ဆုံ၍ အားပေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သောကြောင့် ကော်ဖီ လုပ်ငန်းသည် အထိုက်အလျောက် တိုးတက်မှုများ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်သည့် ကော်ဖီများကို ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ် ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊ ယခု အချိန်မှစ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို စနစ် တကျဖြင့် ဆောင်ရွက်သွားမှသာလျှင် နောင်လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း ကော်ဖီထုတ်လုပ်မှုများ ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ခေတ်အဆက်ဆက် အားပေးခဲ့ခြင်း မရှိခြင်းသည်ကို တွေ့ရကြောင်း၊ ထုတ်ကုန်များ နည်းပါးခြင်းကြောင့် ကုန်သွယ်မှုလိုငွေ များ နှစ်စဉ်ပြခဲ့ပြီး လောင်စာဆီနှင့် စားသုံး ဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ စားသုံးဆီများ ကို ပြည်တွင်း၌ ထုတ် လုပ်နိုင်သည်ဖြစ်သော်လည်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိခြင်း ကြောင့် တင်သွင်းနေရခြင်းဖြစ်သဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးခြင်းကိုလည်း အားပေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ပြင် နို့နှင့်နို့ထွက်ပစ္စည်းလိုအပ်ချက် အတွက်လည်း ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်ပသွင်းကုန်လျှော့ချနိုင်ရေးနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး (MSME) လုပ်ငန်းများနှင့်ပတ်သက်၍ ပြင်ဦးလွင် ဒေသတွင် စိုက်ပျိုးရေးထုတ်ကုန် အမြောက်အမြား ရှိပြီး ၎င်းတို့ကိုအခြေခံသည့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ အောင်မြင် သည့် နို့စားနွား မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုကိုလည်း အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ကော်ဖီသည် ဒေသ အတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်း တစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်မြို့ကို အပန်းဖြေဒေသ အဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော် စသည်ဖြင့် နာမည်ခေါ်တွင်ကြသကဲ့သို့ စီးပွားရေးနှင့်ဂုဏ်ယူသင့် သည့် ဒေသထွက်ကုန်အရ ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကော်ဖီ ထုတ်ကုန်များထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်ပြီး ထုပ်ပိုးမှုကောင်းမွန်မှသာလျှင် ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံမှစ၍ မြှင့်တင် ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံမှု သည် ပြင်ဦးလွင်ဒေသ၌ ကော်ဖီလုပ်ငန်းနှင့်အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို ဆောင်ရွက်ပေးနိုင်ရန်တွေ့ဆုံခြင်းဖြစ် သဖြင့် တက်ရောက်လာကြသူများအနေဖြင့် လိုအပ် ချက်များနှင့် အကြံပြုချက်များကို တင်ပြကြစေလို ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ကော်ဖီစိုက်ပျိုးမှု
ဆိုင်ရာများအား ရှင်းလင်းတင်ပြ
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့က ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးရေးစီမံကိန်း များ ဆောင်ရွက်ခဲ့မှု၊ မြေအသုံးချမှုအခြေအနေအပေါ် ကွင်းဆင်းစစ်ဆေးချက်အရ စိစစ်တွေ့ရှိချက်များ၊ ကော်ဖီလုံးဝစိုက်ပျိုးခြင်းမရှိသည့် မြေနေရာများကို ကော်ဖီလုပ်ကိုင်ခွင့်များ ရုပ်သိမ်းခဲ့မှု၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုများတိုးတက်စေရေး ကော်ဖီစိုက်တောင်သူ များနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့မှု၊ ကော်ဖီ စိုက်ပျိုးပြီးစီးမှု အခြေအနေများနှင့် စိုက်ပျိုးမှု တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ မြို့မြေပြင်ပ မြေလွတ်၊ မြေရိုင်းအတွင်းအဆောက်အဦ ပိုမိုအသုံးပြု ထားမှုအပေါ် ကွင်းဆင်းစစ်ဆေး၍ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြင်ဦးလွင် ကော်ဖီစီမံကိန်းမြေနေရာများတွင် ကော်ဖီစိုက်ပျိုး မှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီထုတ်လုပ်မှု လုပ်ငန်းအထောက်အကူပြု လုပ်သားလိုအပ်ချက် များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နှစ်အလိုက် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများ၊ ပြည်ပ သို့တင်ပို့နိုင်မှုအခြေအနေများ၊ ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နင်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး ပညာပေးခြင်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဆောက်အဦများဆောက်လုပ်ရာတွင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သည့်အဆောက် အဦများကိုသာ ဆောက်လုပ်ရန်လိုပြီး အပန်းဖြေ စခန်းနှင့် ကော်ဖီစိုက်ပျိုးခြင်းနှင့်မသက်ဆိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းမပြုရန်လို ကြောင်း၊ ကော်ဖီများ အထွက်နှုန်းတိုးတက်စေရေး သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စနစ် တကျပြုစုဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီပင်စည် ထိုးပိုးများကျရောက်မှု မရှိစေရန်အတွက် စုပေါင်း အားဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထား ရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများ ဖြင့် အသုံးပြုခြင်းများမရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍အမှန်တကယ်စိုက်ပျိုးနိုင်သည့် တိုင်းရင်း သားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပါကြောင်း၊ စိုက်ပျိုး မှု အပေါ်မူတည်၍ ၅ ဧကမှ ဧက ၅၀ အထိ ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း၊ ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် နိုင်ငံတော်အစိုးရက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကော်ဖီ များ တိုးချဲ့စိုက်ပျိုးရန်အတွက် မျိုးကောင်းသည့် ပျိုးပင်များ ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
တက်ရောက်လာကြသူများက
လိုအပ်ချက်များ အသီးသီးတင်ပြဆွေးနွေး
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြ သည့် ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင် များကိုယ်စား ကော်ဖီစိုက်တောင်သူတစ်ဦးက ကော်ဖီ စိုက်ပျိုးထုတ်လုပ်နေမှုနှင့် ဈေးကွက်ရရှိမှုအခြေအနေ များ၊ ကော်ဖီခြံများအလိုက် ရောဂါပိုးကာကွယ်မှုများ ကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများကိုလည်းကောင်း၊ ကော်ဖီကိုအခြေခံ သည့် MSME လုပ်ငန်းရှင်တစ်ဦးက ကော်ဖီစီမံကိန်း နယ်မြေတွင် အဆောက်အဦအရွယ်အစားကို သတ်မှတ်မည့်အစား ကော်ဖီစီမံကိန်းစိုက်ပျိုးမြေ ဧရိယာပေါ်တွင်သာ လုပ်ငန်းအပေါ်မူတည်၍ အဆောက်အဦဧရိယာကို ခွင့်ပြုပေးစေလိုမှု၊ ကော်ဖီ စီမံကိန်းအစမှ ဆောင်ရွက်သူများအနေဖြင့် ခြံမြေ များကို ဧကများများ ဆောင်ရွက်နိုင်သော်လည်း နောက်ပိုင်းဆောင်ရွက်သူများအနေဖြင့် စိုက်ပျိုးမြေ များ တစ်ဆက်တစ်စပ်တည်းစိုက်ပျိုးမြေများ မရရှိ ခြင်းကြောင့် အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သွားလာရလွယ်ကူသည့်နေရာ၌ အဆောက် အဦများကို ဆောက်လုပ်ကြမှုအခြေအနေများကို လည်းကောင်း၊ ဒေသထွက်ကုန်ပစ္စည်းထုတ်လုပ် မှုလုပ်ငန်းရှင်တစ်ဦးက ဝိုင်လုပ်ငန်းရှင်များအနေဖြင့် FDA ခွင့်ပြုချက်ရရှိရန် အခက်အခဲများ ကြုံတွေ့ နေရမှုနှင့် စည်းကမ်းသတ်မှတ်ချက်များကို လုပ်ငန်း အလိုက် ဖြေလျှော့ပေးစေလိုမှုတို့နှင့်ပတ်သက်၍ တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြ မှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ၌ ထုတ်ပေးထားရှိမှုအခြေအနေများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ် သည်များကို အဆင့်ဆင့်တင်ပြဆောင်ရွက်ပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ကော်ဖီလုပ်ငန်းသည် အစုအဖွဲ့နှင့်လုပ်ဆောင် ရသည့်လုပ်ငန်းဖြစ်သဖြင့် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေ ဖြင့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး အဓိက ထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ MSME လုပ်ငန်းများကိုအားပေးဆောင် ရွက်လျက်ရှိပြီး ကုန်ကြမ်းမှ ကုန်ချောများထုတ်လုပ် ခြင်းဖြင့် ထုတ်ကုန်များရရှိပြီး ပြည်တွင်းစီးပွားရေး တိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့်ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်သတ်မှတ် ချက်များမှ ဆောင်ရွက်ခြင်းများကို ခွင့်ပြုပေးထား ကြောင်း၊ သို့သော် ပြည်ထောင်စုအဆင့် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်း များနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်ပါက တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ရန်လိုပြီး သက်ဆိုင်ရာဝန်ကြီဌာနများအနေဖြင့်လည်း လုပ်ငန်း များဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရေရှည်အတွက် စေတနာထား၍ ဆောင်ရွက်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို စည်းကမ်းသတ်မှတ်ချက်များ အတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လို ကြောင်း၊ စိုက်ပျိုးမှုများကို အမှန်တကယ်ဆောင်ရွက် လိုသူများအတွက် စိုက်ပျိုးမြေများကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေး ဖန်တီး ပေးရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင် ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ယနေ့တွေ့ဆုံမှုသည် ပြင်ဦးလွင် ဒေသ၌ ကော်ဖီစိုက်ပျိုးမှုများ အောင်မြင်တိုးတက် ဖြစ်ထွန်းစေရေးအတွက်ပင်ဖြစ်ကြောင်း၊ ကော်ဖီ လုပ်ငန်းကို ထိခိုက်စေနိုင်မည့်ရောဂါပိုးအန္တရာယ် ကျရောက်မှုများအပါအဝင် အခြားသောစုပေါင်းဆောင် ရွက်ရမည့်လုပ်ငန်းရပ်များကို အားလုံးဝိုင်းဝန်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်ဖီသည် နှစ်ရှည်သီးနှံ ပင်အတွင်း၌ပါဝင်သည့်အတွက် မျိုးကောင်းမျိုးသန့် များဖြစ်ရန် လိုအပ်ကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းသည်အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်း ဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ် သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရမည် ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကိုလည်း အမြဲမပြတ် လေ့လာနေရန်လိုကြောင်း၊ အစုအဖွဲ့ နှင့် လုပ်ဆောင်ရသည်ဖြစ်သည့်အတွက် ဝိုင်းဝန်း ဆောင်ရွက်ရမည့်၊ လိုက်နာရမည့်ကိစ္စရပ်များကို အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ရန် လိုကြောင်း။
MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ကုန် များ အရည်အသွေးမြှင့်တင်နိုင်ရေး စဉ်းစားဆောင် ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အိမ်တွင်း စက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့် ထုတ်လုပ်သည့်ထုတ်ကုန်များ ဖြစ်စေ ရေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အရည်အသွေးမြှင့်တင်ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်သူများ ဆွေးနွေးညှိနှိုင်း၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။
ကော်ဖီထုတ်ကုန်များနှင့်ဒေသထွက်
စားသောက်ကုန်များအား ကြည့်ရှုအားပေး
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင် များနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသထွက် ကော်ဖီထုတ်ကုန်များနှင့် ဒေသထွက်စားသောက် ကုန်ပစ္စည်းများကို စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေး ရာ လုပ်ငန်းအလိုက်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်