ကျောင်းသားများ သင်ယူရာတွင် အရည်အသွေးပြည့်ဝပြီး အမှန်တကယ်တတ်မြောက်နိုင်သောပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ   ၂၃ 


သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက် ပိုင်းတွင် သတင်းအချက်အလက်  နည်းပညာတက္ကသိုလ်သို့   သွား ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် များနှင့် ကွန်ပျူတာတက္ကသိုလ်များ ၏ ပါမောက္ခချုပ်များနှင့် တွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက       ကျောင်းသားများ သင်ယူရာတွင်   အရည်အသွေး ပြည့်ဝပြီး  အမှန်တကယ် တတ် မြောက်နိုင်သော ပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ICT နည်းပညာ များ အသုံးပြု၍ သင်ကြားသင်ယူ မှုများ  ပိုမိုထိရောက်စေနိုင်ရေး၊ စာသင်ခန်းများ၊   လက်တွေ့ခန်း များ၊   စာကြည့်တိုက်များ   ပိုမို တိုးတက်ကောင်းမွန်နိုင်ရန် စနစ် တကျ ဆောင်ရွက်ထားရှိနိုင်ရေး၊ ကျောင်းသားများ   ပျော်ရွှင်စွာ သင်ကြားသင်ယူနိုင်မှု   ဝန်းကျင် ကောင်းများ  စီစဉ်ထားရှိပေးနိုင် ရေး၊ ဆရာ/ဆရာမများ၏   စွမ်း ဆောင်ရည်မြှင့်တင်နိုင်မှု သင်တန်း များ စဉ်ဆက်မပျက် ပို့ချနိုင်ရေး တို့ကို မှာကြားသည်။ 

 


ဆက်လက်၍ သတင်းအချက်  အလက်  နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာ အချက်အလက်များ     တင်ပြပြီး တက္ကသိုလ်ရှိ   ဆရာ/  ဆရာမ၊ ဝန်ထမ်းများ၏  တင်ပြချက်များ အပေါ်   ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ    ဖြည့်ဆည်း   ဆောင်ရွက်ပေးကာ တက္ကသိုလ်ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်း များ၊ သင်ထောက်ကူပစ္စည်းများ နှင့် စာကြည့်တိုက်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်    သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်း ပညာသုတေသနဌာနသို့ ရောက်ရှိ ပြီး   မဲခေါင်-လန်ချန်း   ပူပေါင်း ဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသော   ICT နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးသင်တန်းများ ဖွင့်လှစ်နိုင်ရေး  ပြင်ဆင်ထားရှိမှုများနှင့် အိန္ဒိယ နိုင်ငံ   C-DAC    အဖွဲ့အစည်းနှင့် ပူးပေါင်း၍လည်းကောင်း၊   ဂျပန် နိုင်ငံ    JICA   အဖွဲ့အစည်းနှင့် ပူးပေါင်း၍လည်းကောင်း   ICT နည်းပညာဆိုင်ရာ   လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ဆက်လက်ဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားပြီး         စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊  Sever ခန်း များနှင့် စာကြည့်တိုက်အား လှည့် လည်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်း များ၏   တင်ပြချက်များအပေါ် လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။    

                    
သတင်းစဉ်