
နေပြည်တော် အောက်တိုဘာ ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးအစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး များ၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယ ဝန်ကြီးက ပညာရေးလုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရာ တွင် လက်တွေ့အကောင်အထည် ဖော်ရသူများသည် ဆရာဆရာမ များပင်ဖြစ်ပါကြောင်း၊ ကျောင်း သား ကျောင်းသူများကို အလွတ် ကျက် ဖြေကြားသည့်စနစ်မှ အမျိုးမျိုး စဉ်းစားတွေးခေါ်နိုင် သည့်သူများ ဖြစ်လာစေရန် သင်ကြားပေးရမည် ဖြစ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူ များကို သင်ကြားရာတွင် စည်းကမ်း ကောင်းမွန်ပြီး အချင်းချင်း လေးစားတန်ဖိုးထားသည့် အလေ့ အကျင့်ကောင်းများကို လေ့ကျင့် ပျိုးထောင်ပေးရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်မှာကြားချက်အရ ခရိုင် ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စက်မှုပေါင်းစည်း အထက် တန်းကျောင်း ၅၀ ကို ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ ထို ကျောင်းများသို့ KG +9 အောင်မြင် ပြီးသည့် ကျောင်းသားကျောင်းသူ များ တက်ရောက်လိုပါက လွယ်ကူ စွာတက်ရောက်၍ ပညာသင်ကြား နိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံ ပညာတွင် အတန်းကူးပြောင်းနှုန်း နှင့် အောင်ချက်မြင့်မားရေးကို တိုးတက်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်