ကျောင်းသား ကျောင်းသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ ပညာသင်ကြားနိုင်အောင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေတာ ဖြစ်ပါတယ်

 

မေး    ။    ။    ဆရာကြီးရှင့်    ဒီနေ့    အသက် ၁၂ နှစ်             အထက်  ကျောင်းသား  ကျောင်းသူတွေကို  ကာကွယ်ဆေး  စတင်ထိုးနှံပေးရတဲ့အပေါ်   ရှင်းပြ ပေးပါဦး။
ဖြေ    ။    ။    ကျွန်တော်ကတော့      မိုင်းရယ်မြို့နယ်             ပညာရေးမှူး     ဦးစိုင်းစိန်အောင်ဖြစ်ပါ တယ်။  ဒီနေ့ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို   ကာကွယ်ဆေးကို     အထက မိုင်းရယ်မှာ      စတင်ထိုးနှံပေးတာဖြစ်ပါတယ်။  မိုင်းရယ်မြို့နယ်အတွင်း   အသက်   ၁၂ နှစ်အထက်  ကျောင်းသား  ကျောင်းသူတွေကို  စုရပ်  ၁၂ ခုထား ပြီးထိုးနှံသွားမှာ    ဖြစ်ပါတယ်။     ကျောင်းသား ကျောင်းသူတွေကို      ဘေးကင်းလုံခြုံစွာနဲ့      ပညာ သင်ကြားနိုင်အောင်   ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးနေတာဖြစ်ပါတယ်။  

 

မေး    ။    ။    သမီးနာမည်လေး     မိတ်ဆက်ပေးပြီး             ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံရတဲ့ အပေါ် ခံစားချက်လေးပြောပေးပါဦး။
ဖြေ    ။    ။    သမီးနာမည်က  မတင့်တင့်မိုးဦး  ဖြစ်ပါ             တယ်၊   တက္ကသိုလ်ဝင်တန်းတက်မှာပါ၊ ကိုဗစ်-၁၉ ရောဂါကိုလည်း ကြောက်ပါတယ်၊ အခုလို ကာကွယ်ဆေးထိုးနှံခွင့်ရလို့ အလွန်ပျော်မိပါတယ်။ ဆေးထိုးပြီးရင် ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာမို့ ကျောင်းလည်းမြန်မြန်ပြန် တက်ချင်နေပါပြီ။  

 

မေး    ။    ။    သားနာမည်လေး        မိတ်ဆက်ပေးပြီး             ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံရတဲ့ အပေါ် ခံစားချက်လေးပြောပေးပါဦး။
ဖြေ    ။    ။    သားနာမည်က သန့်ဇင်မိုးပါ၊   ကာကွယ်             ဆေးလာထိုးတာပါ၊ ကျောင်းပိတ်ထားလို့ စာတွေလည်း နောက်ကျကုန်ပြီ၊ ကျောင်းတွေ ပြန်ဖွင့် စေချင်နေပြီ၊ ကာကွယ်ဆေးထိုးထားတော့ ကိုဗစ်ကို လည်း မကြောက်ရတော့ဘူးလေ။

 

မေး    ။    ။    ကျောင်းသား မိဘတစ်ယောက်အနေနဲ့             ကလေးတွေကို ကာကွယ်ဆေးထိုးပေးရ တဲ့အပေါ် ခံစားချက်လေးပြောပြပေးပါဦး။
ဖြေ    ။    ။    ကျွန်တော်က   မိုင်းရယ်ရပ်ကွက်(၂)မှာ             နေတဲ့ ကျောင်းသားမိဘပါ၊ ကလေးတွေ ကို ကာကွယ်ဆေး လာထိုးတာပါ၊  ကျောင်းပြန်ဖွင့်ပြီး ကာကွယ်ဆေးထိုးထားလို့ ကိုယ့်ကလေးတွေ လုံလုံ ခြုံခြုံနဲ့  စိတ်ချစွာ  စာသင်နိုင်မှာဖြစ်လို့    အလွန် ကျေနပ်ပါတယ်။                    

မိုင်းရယ်(ပြန်/ဆက်)