ကျောင်းသား ကျောင်းသူများအနေဖြင့် တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ဆောင်မှုများကို ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်

နေပြည်တော်  မေ  ၁၀
သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူ များနှင့်အတူ မေ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရှိ       သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊   ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန် အနောက်ပိုင်း         နည်းပညာ တက္ကသိုလ်များသို့   သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မေ ၉ ရက်မွန်းလွဲပိုင်း တွင်   ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်   သတင်း အချက်အလက်     နည်းပညာ တက္ကသိုလ်သို့       ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊  ဝန်ထမ်းများနှင့် တွေ့ဆုံရာ      ပါမောက္ခချုပ်က ကျောင်းဆိုင်ရာ  အချက်အလက် များနှင့် ပင်မခြောက်ထပ်ဆောင် တည်ဆောက်နေမှုများကို  ရှင်း လင်းတင်ပြပြီး   ပြည်ထောင်စု ဝန်ကြီးက အရည်အချင်းပြည့်ဝ သော   လူ့စွမ်းအားအရင်းအမြစ် များ    ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်စေရန်၊  အရည် အသွေးပြည့်ဝသော  သင်ကြား သင်ယူမှုများ အကောင်အထည် ဖော် ဆောင်ရွက်ရန်၊ လူ့စွမ်းအား အရင်းအမြစ်များကို       ပြုစု ပျိုးထောင်ခြင်းဖြင့်      သိပ္ပံနှင့် နည်းပညာ    ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လူ့အဖွဲ့အစည်းကို ပံ့ပိုး ကူညီရန်၊    သင်ကြားသင်ယူမှု နှင့်     သုတေသနပတ်ဝန်းကျင် ဖြစ်အောင်       ဆောင်ရွက်ရန် မှာကြားသည်။ 
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား     ကျောင်းသူများ Project ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် တီထွင် ဖန်တီးမှုများနှင့်    သုတေသန လုပ်ဆောင်မှုများသည်   ပြည်သူ များ၏    လူမှုစီးပွားဘဝ    ဖွံ့ဖြိုး တိုးတက်မှုအတွက်   လက်တွေ့ ကျကျအကျိုးပြုနိုင်ရေး ဦးတည် ဆောင်ရွက်ကြရန် မှာကြားသည်။  
ယနေ့      နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်  တာဝန် ရှိသူများသည် ရန်ကုန်နည်းပညာ တက္ကသိုလ်သို့       ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊   ဝန်ထမ်းများနှင့် တွေ့ဆုံရာ     ပါမောက္ခချုပ်က ကျောင်းဆိုင်ရာအချက်အလက် များ  တင်ပြပြီး   ပြည်ထောင်စု ဝန်ကြီးက   အရည်အချင်းပြည့်ဝ သော     အင်ဂျင်နီယာပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင် များ၊    သုတေသနပညာရှင်များ ဖြစ်လာစေရန်    ကျောင်းသား ကျောင်းသူများကို    စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်၊ စာတွေ့ သာမက    လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေး ပြီး လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ သုတေသနဆိုင်ရာ     ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ     ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်   အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ကြ ရန်   မှာကြားသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည်     တက္ကသိုလ် ဘောလုံးကွင်းပြုပြင်တည်ဆောက် မည့်  မြေနေရာသို့  သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို မှာကြားသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်သို့      ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊     ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြား ပြီး  ပင်မ  သုံးထပ်စာသင်ဆောင် သစ်  တည်ဆောက်နေမှု၊ စာသင် ခန်း၊ Lab ခန်း၊ စာကြည့်တိုက်၊    အားကစားရုံများနှင့်    ဘောလုံး ကွင်းသစ် တည်ဆောက်မည့်နေရာ တို့ကို ကြည့်ရှုစစ်ဆေးသည်။  
ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊  လက်တွေ့ခန်း များ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်း များ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား ကျောင်းသူများ ၏ အိပ်ဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို    မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း     သိရ သည်။                     သတင်းစဉ်