ကျောင်းသား ကျောင်းသူများအားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းပြန်တက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ကြစေလို

 

ဘားအံ    ဧပြီ   ၂၇


ပြည်နယ်၏  လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့်        ပြည်သူ့အကျိုးပြု လုပ်ငန်းများ    ဆောင်ရွက်ရာတွင် ပိုမိုထိရောက်         မြန်ဆန်စေရေး အတွက်   ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့်   ပြည်နယ်အဆင့်   ဌာန ဆိုင်ရာများ၏    လုပ်ငန်းညှိနှိုင်း အစည်းအဝေး   (၅/၂၀၂၂)   ကို ဧပြီ  ၂၇ ရက်   နံနက်  ၁၀  နာရီ က   ဘားအံမြို့   ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်    ပြည်နယ် ဝန်ကြီးချုပ်        ဦးစောမြင့်ဦးက နွေရာသီတွင်      ရေရှားပါးသည့် ပြဿနာနှင့်     သောက်သုံးရေ ရှားပါးသည့်  ပြဿနာများ  ရှိလာ နိုင်သဖြင့်    ကူညီထောက်ပံ့ပေး နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားကြစေ        လိုကြောင်း၊ သက်ဆိုင်ရာ     မြို့နယ်အလိုက် ရေရှားပါးသည့်    ဒေသများတွင် ရေတွင်း၊   ရေကန်များ အမြန်ဆုံး တူးဖော်   ဆောင်ရွက်ပေးနိုင်ရေး သဘာဝဘေး ရန်ပုံငွေမှ ကျခံသုံးစွဲ နိုင်ရန်    လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊  ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးထားသည့်   စိုက်ဧက အမှန်စာရင်းကို   ကောက်ယူနိုင် ရေး    သက်ဆိုင်ရာ    ဌာနများမှ အလေးထား   ဆောင်ရွက်ကြစေ လိုကြောင်း၊    အသားနှင့်ငါးကို စနစ်တကျ မွေးမြူ၍  အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်    လို ကြောင်း၊   နားလည်မှုစာချွန်လွှာ MOU   စာချုပ်သက်တမ်းကုန်ဆုံး နေသော  (သို့မဟုတ်)  ပူးပေါင်း ဆောင်ရွက်ခြင်းမရှိသော  NGO ၊ INGO         အဖွဲ့အစည်းများအား စိစစ်ဆောင်ရွက်ရန်    လိုကြောင်း၊ မကြာခင်ကာလတွင်  တက္ကသိုလ်/ကောလိပ်ကျောင်းများ   ပြန်လည် ဖွင့်လှစ်တော့မည်          ဖြစ်သည့် အတွက်  ကျောင်းသူ  ကျောင်းသား များအားလုံး  အဆင်ပြေချောမွေ့ စွာ    ကျောင်းပြန်တက်နိုင်ရေး အတွက်   ကြိုတင်စီမံဆောင်ရွက် ထားကြစေလိုကြောင်း၊  လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို    အထူး အလေးထား    ဆောင်ရွက်ကြစေ လိုပြီး  အခြေခံပညာကျောင်းများ လည်း   ပြန်လည်ဖွင့်လှစ်မည်ဖြစ် သည့်အတွက်  ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ  ပြန်လည်ဖွဲ့စည်း ၍          ရပ်ကွက်/ကျေးရွာများရှိ ကျောင်းသား    ကျောင်းသူများ အားလုံး  ကျောင်းပြန်တက်နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများကို ကြိုတင် ဆောင်ရွက်ကြစေ    လိုကြောင်း၊ နွေရာသီ    ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော   သင်တန်း၊  စက်ချုပ်သင်တန်း    ကဲ့သို့သော ကာလတို       သင်တန်းများကို သက်ဆိုင်ရာဌာနများ   ပူးပေါင်း၍  ဖွင့်လှစ်ပေးကြစေ       လိုကြောင်း ပြောကြားသည်။

 


ထို့နောက်  အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ် အဆင့်ဌာနဆိုင်ရာ     တာဝန်ရှိသူ များက     ယခင်အပတ်  (၄/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို      ရှင်းလင်း တင်ပြကြပြီး    ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်     ပြည်နယ် အဆင့်   ဌာနဆိုင်ရာ    တာဝန်ရှိသူ များက      ထပ်ဆင့်ဆွေးနွေးကြ သည်။

 


ယင်းနောက်      ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်   ပြည်နယ် အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူ များက   ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို    ဆွေးနွေး တင်ပြခဲ့ကြပြီး       ပြည်နယ် ဝန်ကြီးချုပ်   ဦးစောမြင့်ဦး   က နိဂုံးချုပ်အမှာစကား   ပြောကြား ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)