ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

 

ကြို့ပင်ကောက်   ဇွန်   ၂၄


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့၌ ကျောင်းသား ကျောင်းသူ များအား   ကိုဗစ်-၁၉ ရောဂါကူးစက်မှု   ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (sinopharm)   ပထမအကြိမ်နှင့်   စတုတ္ထ အကြိမ် (Booster Does) ထိုးနှံပေးလျက်ရှိသည်။ 

 


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှု ဖြင့်   ယနေ့အချိန်အထိ   ပထမကြိမ်  ဆေးထိုးရမည့် ကျောင်းသား ကျောင်းသူ ၁၆၁၇ ဦး၊ second Booster Dose ထိုးနှံသူ ကျောင်းသား ကျောင်းသူ ၂၅၀၂ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၁၁၉ ဦးကို ကျန်းမာရေးဝန်ထမ်းများ၊   ကျောင်းအုပ်ကြီးနှင့်   ဆရာ ဆရာမများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။          

  မြို့နယ်(ပြန်/ဆက်)