
နေပြည်တော် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ သည် ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေတပ် လေ့ကျင့်ရေးဌာနချုပ်ရှိ သမိုင်းဝင် စစ်ရေယာဉ်(မေယု)သို့ လာရောက် ကြည့်ရှုလေ့လာကြရာ အဆိုပါ ကျောင်းသား ကျောင်းသူ လူငယ် မောင်မယ်များအား ရေတပ် လေ့ကျင့်ရေးဌာနချုပ် ဒုတိယဌာန ချုပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်မှ တာဝန်ရှိသူများက သမိုင်းဝင် စစ်ရေယာဉ်(မေယု)၏ ရေယာဉ်ဆိုင်ရာ အချက်အလက် များနှင့် စစ်ရေယာဉ်၏ သမိုင်း မှတ်တမ်းများကို လှည့်လည် ရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်(ရေ)မှ တာဝန်ရှိသူ များနှင့် ကျောင်းသား ကျောင်းသူ များသည် သမိုင်းဝင်စစ်ရေယာဉ် (မေယု) ရှေ့၌ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူးက ကျောင်း အုပ်ဆရာမကြီးထံ အမှတ်တရ ဓာတ်ပုံနှင့် လက်ဆောင်ပစ္စည်း များကို ပေးအပ်သည်။ ယင်းနောက် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်ရှိ သီရိမဟာ ဇေယျကျော်ထင် ခန်းမ၌ တပ်မတော်(ရေ) သမိုင်း မှတ်တမ်းရုပ်ရှင်ကို ပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်