ကျောင်းသား ကျောင်းသူများ စာပေလေ့လာသင်ယူကြရန်နှင့် နိုင်ငံအတွက်အားထားရသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်

စစ်တွေ   အောက်တိုဘာ   ၁၈


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် စစ်တွေ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် မြေပုံမြို့နယ် တို့မှ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား    ထပ်ဆင့်လွှင့်စက်ရုံ(စစ်တွေ)မှ ဇုန်နယ်မှူးနှင့် စစ်တွေသတင်းဌာနခွဲမှ ဝန်ထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)မှ တာဝန်ခံတို့ အား တွေ့ဆုံသည်။ 


ထို့နောက် ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းနှင့်အတူ  ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင် ပြည်သူ့စာကြည့် တိုက်၊  ကလေးစာဖတ်ခန်းနှင့်   ပြတိုက်ငယ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင်  စစ်တွေမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်  ပြီး  စက်ပစ္စည်းများဖြင့်ထုတ်လွှင့်နေမှုကို    ကြည့်ရှု စစ်ဆေးကာ    ဇုန်နယ်မှူးနှင့်    ဝန်ထမ်းများအား တွေ့ဆုံပြီး    စက်ပစ္စည်းများ     ပျက်စီးမှုမရှိစေရေး၊ ထုတ်လွှင့်မှု  ပြတ်တောက်မှုမရှိစေရေးနှင့်  စက်ရုံ လုံခြုံရေးဆိုင်ရာများအပါအဝင်   လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည်  သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ကိုယ်ပွားသတင်းစာတိုက်ရှိ Computer to Plate (CTP)  ခန်းနှင့်    သတင်းစာ ပုံနှိပ်စက်တို့ကို    လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအချင်းချင်း စည်းစည်း လုံးလုံးဖြင့်   လုပ်ငန်းတာဝန်များကို   ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် စက်ပစ္စည်းများအား စနစ်တကျ အသုံးပြုပြီး သတင်းစာအရည်အသွေး ကောင်းမွန် ရေး ဆောင်ရွက်ရန် မှာကြားကာ     ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ရုံး၌  ဝန်ထမ်း များနှင့် တွေ့ဆုံသည်။ 


ယနေ့နံနက်ပိုင်းတွင်       ဒုတိယဝန်ကြီး သည်  မောင်တောခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင်  မောင်တောခရိုင်နှင့် တောင်ပြိုလက်ဝဲမြို့ရုံးတို့မှ ဝန်ထမ်းများနှင့် ရုပ်မြင် သံကြား  ထပ်ဆင့်လွှင့်စက်ရုံမှ   ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည်  မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မောင်တောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် ၁၂  နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး(အပေါ်ပုံ)  ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းသားမိဘ များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ပညာတတ် များဖြစ်အောင် စာပေလေ့လာသင်ယူကြရန်နှင့် နိုင်ငံ အတွက် အားထားရသည့်လူငယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ 


မောင်တောမြို့နယ် အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   ထိုးနှံပေးရမည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၇၂၉၇ ဦးရှိရာ ပထမအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်က စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူ  ၁၄၀၄ ဦးရှိကြောင်း သိရသည်။


ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး က ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု သိသိသာသာ လျော့ကျလာပြီဖြစ်ပြီး ဆူပူအကြမ်းဖက်မှုများကို လည်း     ပြည်သူလူထု၏     ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ရှင်းလင်းမှုများကြောင့်   မကြာမီ    ပုံမှန် အခြေအနေသို့ ရောက်ရှိနိုင်တော့မည်ဖြစ်ရာ မိမိတို့ ၏    ပြန်ကြားရေးလုပ်ငန်းတာဝန်များကို     ပုံမှန် ပြန်လည်ထမ်းဆောင်နိုင်ရေး   အဆင်သင့်ပြင်ဆင် ထားကြရန်၊ အကြမ်းဖက်သမားများ၏ မဟုတ်မမှန် သတင်းဖြန့်ဝေပြီး နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင် နေမှုများကို ပြည်သူလူထု အမှန်အတိုင်းသိမြင်နိုင် အောင် လုပ်ဆောင်ကြရန်၊ အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ် ဆေးထိုးနှံမှုအခြေအနေများနှင့် ပန်းခင်းစီမံချက်များ တွင် ပူးပေါင်းဆောင်ရွက်ကြရန်၊  နိုင်ငံတော်မှ   စီမံ ဆောင်ရွက်လျက်ရှိသည့်   တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင် အောင် သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြ ရန်၊ ပါတီနိုင်ငံရေးကင်းပြီး အတွေးအခေါ် မှန်ကန်စွာ ဖြင့် နိုင်ငံ့ဝန်ထမ်းပီပီ တာဝန်ကျေစွာ ထမ်းဆောင်ကြ ရန်၊ အသိပညာဗဟုသုတကြွယ်ဝအောင် စာပေများ လေ့လာမှတ်သားကြရန်၊  ပြည်သူလူထုနှင့် လူငယ် များကို   အသိပညာများဖြန့်ဝေကြရန်  မှာကြားခဲ့ သည်။                             

    ပြည်နယ်(ပြန်/ဆက်)