
နေပြည်တော် စက်တင်ဘာ ၁၆
ကျောင်းပြင်ပ တစ်သက်တာပညာ ရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်နှင့် အရည်အသွေး စံအကဲဖြတ်အညွှန်းဘောင် မိတ် ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့် နှင့် ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ပညာရေးမှူး များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ပြောကြား
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပ ရောက် လူငယ် လူကြီးများ အရည် အသွေးရှိသည့် ကျောင်းပြင်ပ ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်း များကို ထိရောက်စွာတိုးမြှင့်ပေးနိုင်ရန်၊ မိတ်ဖက်အဖွဲ့အစည်း များနှင့် စနစ်တကျ အကျိုးရှိစွာပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ် ချက်ဖြင့် ကျောင်းပြင်ပ တစ်သက် တာပညာရေး မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု မူဘောင်နှင့် ကျောင်း ပြင်ပ တစ်သက်တာပညာရေး အရည်အသွေးစံ အကဲဖြတ်အညွှန်း ဘောင်တို့ကို ညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းပြင်ပ တစ်သက်တာ ပညာရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်နှင့် အရည်အသွေးစံ အကဲဖြတ် အညွှန်းဘောင်တို့ကို တာဝန်ရှိ သူများက ရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်