ကောင်းမွန်သည့် အကျိုးရလဒ်

အချို့ဝန်ထမ်းများသည် ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်မှုမရှိပါက Social Punishment ပြုလုပ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ မိမိတို့တာဝန်ပျက်ကွက်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်းများကြောင့်  တာဝန်ထမ်းဆောင်မှုများကို ဆက်လက်ပျက်ကွက်လျက် ရှိကြကြောင်း၊ ကိုယ်တိုင်ဦးဆောင်လှုံ့ဆော်မှုများတွင် မပါဝင်သည့် ဝန်ထမ်းများအား ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိုက်သင့်သည့် အရေးယူမှုကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး အလုပ်မှထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် ခြိမ်းခြောက်နေသူများအား   သတင်းပို့ တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထုတ်ပြန်ထားပြီး ခြိမ်းခြောက်သူများကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM ပြုလုပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ပါက နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ် များ ရရှိမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၂-၄-၂၀၂၁ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)