ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်

နေပြည်တော်  မေ  ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည်     ယနေ့  နံနက်ပိုင်းက    နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)  ရှိ  အစည်း အဝေးခန်းမ၌  တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာ ရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့်  တိုင်း ဒေသကြီး/  ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်း မှ တွေ့ဆုံသည်။ 
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့် နှင့်    ဒေါက်တာမိုးဇော်ထွန်း၊   အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊    ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ    တက်ရောက်ကြပြီး      တက္ကသိုလ် ပါမောက္ခချုပ်များ၊      ပညာရေးဒီဂရီ     ကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန်  ၃ ရက်တွင်  ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာန အသီးသီးရှိ   တက္ကသိုလ်နှင့်   ကျောင်းများအားလုံး တစ်ပြိုင်တည်း      ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊      ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို      အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျောင်းများမဖွင့် နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝ     ပြန်လည်ဖွင့်လှစ်နိုင်ရေး      ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်     ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက်   ဧပြီ   ၂၂    ရက်တွင်  ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)  ၌   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ပြောကြားခဲ့သည့်     လမ်းညွှန်ချက် များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးသည်။ 
ယင်းနောက်   ပြည်ထောင်စုဝန်ကြီးက   ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန်    တစ်နိုင်ငံလုံးရှိ     အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာကျောင်းများ စတင်ဖွင့်လှစ်သည့်ဇွန်လတွင်  ဘောလုံး၊ ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစား စသည့် အားကစားနည်းပြိုင်ပွဲများကို  ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော် တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သြဂုတ်လတွင် ဝန်ကြီးဌာနပေါင်းစုံ       ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ အဆင့်မြင့်ပညာမှ နှစ်သင်း၊ ဆရာအတတ်ပညာမှ  နှစ်သင်း စုစုပေါင်းလေးသင်း ဖြင့်  ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊  အခြေခံ ပညာကျောင်းများတွင်      စာသင်ကြားရုံသာမက အားကစားချိန်တွင်     အမှန်တကယ်     အားကစား ပြုလုပ်ကြရန်နှင့်       ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန်    အချိန်ဇယားတွင်    ထည့်သွင်းရေးဆွဲ ကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ အချို့သောနယ်မြေ များရှိ   တက္ကသိုလ်နှင့်   ဒီဂရီကောလိပ်များအားလုံး ဇွန်လတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်း ဒေသကြီး၊     ပြည်နယ်အစိုးရအဖွဲ့နှင့်      ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်မှ စတင်၍ တက္ကသိုလ်နှင့ ဒီဂရီကောလိပ်များ တွင် ပထမနှစ် ကျောင်းသား ကျောင်းသူကို လူရည် ချွန်များ ပြန်လည်ရွေးချယ် ခေါ်ယူမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့် က     ပရောဂျက်အခြေပြု    သင်ကြားသင်ယူမှုစနစ် အောင်မြင်အောင်   ကြီးကြပ်ရေး၊    ကုန်ထုတ်လုပ်မှု အထောက်အကူပြု   MSME   ဆိုင်ရာ   သုတေသန လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရေး၊ နွေးထွေးသော အထက်  အောက်  ဆက်ဆံရေး  ထူထောင်ရေးတို့ကို မှာကြားသည်။
ထို့နောက်    ဒုတိယဝန်ကြီး    ဒေါက်တာမိုးဇော် ထွန်းက    တည်ဆောက်ရေးလုပ်ငန်းများ    အချိန်မီ ပြီးစီးရေး     ကြီးကြပ်ဆောင်ရွက်ကြရန်၊    သဘာဝ ဘေးအန္တရာယ်များအတွက်     ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့်          တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများ ပေးပို့ ရန်အတွက် မှာကြားသည်။
ယင်းနောက်  အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်တို့က  အခြေခံပညာ၊ အဆင့်မြင့်ပညာ၊     ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာ ရေး ဒီဂရီကောလိပ်ကျောင်းများတွင်  ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြား ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။          သတင်းစဉ်