
ကျောင်းကုန်း အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ Phase 2 (ပထမအကြိမ်)ကို ၂၄၉၈၀ လာရောက်ထိုးနှံခဲ့ပြီး ယခု (ပထမအကြိမ်) ကို ၂၈၇၈ ဦး လာရောက်ထိုးနှံပြီးစီးပြီဖြစ်သည်။ ယနေ့ Phase 3 (ပထမအကြိမ်)ကို နံနက် ၈ နာရီမှစတင်ကာ စုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးလျက် ရှိရာ ၁၇၁၂ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း စုရပ် ၁၁ ခုအနက် စုရပ်(၁)၊ အဖွဲ့(၁)၊ အမှတ်(၂)ရပ်ကွက်နှင့် စုရပ်(၂)၊ အဖွဲ့ (၂)၊ အမှတ်(၃)ရပ်ကွက်တို့ကို မိုးလုံလေလုံအားကစားခန်းမ၌ တစ်ရက်ခြားစီ ကာကွယ်ဆေး ထိုးနှံပေးနေပြီး ကျန်ဆေးထိုးစုရပ်များအားလုံး နေ့စဉ်ထိုးနှံပေးမည် ဖြစ်ရာ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ထိုးနှံနေကြကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ နှစ်ဦးရှိပြီး စစ်ဆေးသူပေါင်း ၂၄၆၆ ဦးတွင် ၈၇၃ ဦး ပိုးတွေ့ရှိခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁၃ ဦးရှိပြီး အောက်ဆီဂျင်ရှူနေရသူလူနာ ဒေါင့်ကြီးတိုက်နယ်ဆေးရုံမှ တစ်ဦးသာ ရှိသည်။ ဆေးရုံဆင်းလူနာ ၇၅၃ ဦးရှိပြီး သေဆုံးသူ ၁၀၈ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)