ကျောင်းကုန်း လေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ဆန်၊ ဆီ၊ ဆား၊ ပဲများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  စက်တင်ဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့အတွင်း စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့်  ကျောင်းကုန်းမြို့ဒိုးတန်းကျေးရွာအုပ်စု၊    ဖျံတွင်း ကျေးရွာ၊    ပိန်းချောင်ကျေးရွာ၊ ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာ ကျေးရွာနှင့် ပန်းတောရိုးကျေးရွာ အုပ်စု၊       ကြိုးကြာချောင်ကြီး ကျေးရွာတို့၌   စာသင်ကျောင်း များနှင့် နေအိမ်များ အမိုးလန်ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက  ဌာနဆိုင်ရာဝန်ထမ်း များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်          ပြန်လည် ထူထောင်ရေး   လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်နေမှုများ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်  တာဝန်ရှိသူ များက   သွားရောက်ကြည့်ရှု၍  လေဘေးသင့်   အိမ်ထောင်စုများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲများ ထောက်ပံ့           ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်