
နေပြည်တော် သြဂုတ် ၁၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ကျောင်းအခြေပြု ကျောင်းကျန်းမာရေးလုပ်ငန်း များဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာများကို မျှတစွာစားသုံး ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှုနှင့် လူမှုရေးကျန်းမာ မှုတို့နှင့်ပြည့်စုံရေး စသည်တို့နှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူဘဝမှစတင်ကာ ကျန်းမာ ရေး အသိပညာဗဟုသုတများ ပြည့်စုံစေရေးနှင့် ဘဝတစ်လျှောက်လုံး လေ့ကျင့်သွားရမည့် အလေ့ အကျင့်ကောင်းများကို ပျိုးထောင်ပေးနိုင်ရေးသည် အထူးအရေးပါသည်ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းအခြေ ပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ကျောင်းမှ ပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန် များ ရောက်ရှိရေးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
အရှိန်အဟုန်မြှင့် ဆောင်ရွက်
ယခုကဲ့သို့ ကျောင်းကျန်းမာရေး ရက်သတ္တပတ် အခမ်းအနားကျင်းပခြင်းဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နှီးနွှယ် အဖွဲ့အစည်းအသီးသီးတို့မှ ဗဟို၊ တိုင်းဒေသကြီး /ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်း စသည့်အဆင့်တိုင်း တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း။
ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး
ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကျရောက်သည့် ကျောင်း ကျန်းမာရေးသီတင်းပတ်တွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင် ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆ ဒသမ ၆ သန်း ခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမ အကြိမ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊ သက်ဆိုင်ရာ အတန်းအလိုက် ခေါင်းစဉ်များသတ်မှတ်ကာ ကာတွန်း/ပန်းချီရေးဆွဲ ပွဲ၊ ကဗျာ/စာစီစာကုံးရေးပွဲ၊ ပြိုင်ပွဲများကျင်းပခြင်း၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ သက်ရွယ် ဆင့်တူ အုပ်စုလိုက်ဆွေးနွေးခြင်း၊ ပညာပေး ဟောပြောပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ဆေးနည်းအဆင့်ဆင့်နှင့် စနစ်မှန်သွားတိုက်ခြင်းတို့ကို သရုပ်ပြခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း၊ ပြခန်းငယ်ပြသ ပညာပေးခြင်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေး နှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်း များကို ကျောင်းအလိုက် ဦးစားပေးရွေးချယ်၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။
ကျောင်းသား ကျောင်းသူများဘဝတွင် ကျောင်း တော်ကြီးမှ ပျိုးထောင်ပေးလိုက်သည့် ကျန်းမာရေး နှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများကို ဆက်လက်စွဲမြဲစွာ လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာ သော နိုင်ငံသားများ ဖြစ်လာနိုင်စေရေးအတွက် တစ်မျိုးသားလုံးကျန်းမာဖို့ ကျောင်းကျန်းမာရေး မြှင့်တင်လို့ အားလုံးပူးပေါင်းဆောင်ရွက်ကြပါစို့ ဟု ပြောကြားသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်း အမှတ်ဗီဒီယိုကို ပြသခဲ့ပြီး ကျောင်းသား ကျောင်းသူ လေးများက “ဘဝတွက်တာကျောင်းကျန်းမာ” သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာ သော ဧည့်သည်တော်များက အထိမ်းအမှတ်ပြခန်း ငယ်ကို လှည့်လည်ကြည့်ရှုသည်။
အစီအစဉ် ဒုတိယပိုင်းအဖြစ် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက် နေသော ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှား မှုများကို ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့် တက်ရောက်လာသော ဧည့်သည်တော်များက အားပေးကြည့်ရှုသည်။ ယင်းနောက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အ.ထ.က (၆)ရှိ ကျောင်းသား ကျောင်းသူများ အသုံးပြုရန် အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ၊ ရေမလို လက်သန့်စင်ဆေးရည်များနှင့် သွားတိုက်ဆေးဘူး များကို ကျောင်းအုပ်ကြီးထံသို့ ပေးအပ်သည်။
ထို့နောက် ကြွရောက်လာသည့် ပြည်ထောင်စု ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာ သော ဧည့်သည်တော်များက ကျောင်းသား ကျောင်း သူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ ပျိုဖော်ဝင် ဆယ်ကျော်သက် ကျောင်းသူများကို သံဓာတ် အားဆေးပေးဝေခြင်းနှင့် သူငယ်တန်း ကျောင်းသား ကျောင်းသူများအား နို့၊ ကြက်ဥပြုတ်နှင့် ငှက်ပျော သီး အာဟာရများ ပေးဝေကြသည်။
အားပေးကြည့်ရှု
ထို့နောက် ကျောင်းသား ကျောင်းသူများ၏ စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြခြင်းကို အားပေး ကြည့်ရှုခြင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်း သား ကျောင်းသူများကို ကျန်းမာစေကြောင်း အလေ့ အကျင့်ကောင်းများနှင့် ပတ်သက်၍ ဉာဏ်စမ်း မေးခွန်းများ မေးမြန်းခြင်းနှင့် လက်ဆောင်ပစ္စည်း များ ပေးအပ်ခြင်း၊ ကျောင်းခန်းမရှေ့ရှိ စာသင်ခန်း များအတွင်းတွင် ကျောင်းသား ကျောင်းသူများမှ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးများ ရေးခြယ် သီကုံးနေမှုများကို လှည့်လည်အားပေးခြင်းတို့ဆောင်ရွက်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ်အခမ်း အနားများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်