ကောင်းကျိုးအဖြာဖြာ ချည်မျှင်ရှည်ဝါ

Type
9

 

နွေကံ့ကော်(မြို့လှ)

လူဟူ၍ဖြစ်လာသည်နှင့်      မလွဲမသွေ ရင်ဆိုင်ရမည့်အရာ  ၃ မျိုးရှိနေသည်ကို ကျွန်ုပ်တို့အားလုံး         သိရှိပြီးဖြစ်၏။ စားရေး၊   ဝတ်ရေး၊  နေရေး   ဟူသော ပြဿနာကြီးသုံးရပ်သည် လူသားတို့နှင့် နိစ္စဓူဝ ကြုံတွေ့နေရသည့် အရာများပင် ဖြစ်သည်။ စားသောက်ရေးနှင့် ပတ်သက် ၍ “စားစရာမရှိ လျော်စရာရှိ” ၊ နေထိုင် ရေးအခက်အခဲနှင့်ပတ်သက်၍ “သေရေး ထက် နေရေးခက်” ဟူသည့်  စကားတို့ သည် အမှန်တကယ်ချို့တဲ့သူများအတွက် ခက်ခဲသော           ပြဿနာပင်ဖြစ်သည်။ အဝတ်အထည်        ဝတ်ဆင်ရေးနှင့် ပတ်သက်၍လည်း “တောင်းမှာအကွပ် လူမှာအဝတ်”   စသည့်   စကားများက မှတ်သားထိုက်ဖွယ်    ကောင်းလှသည်။ စားဝတ်နေရေး     ပြဿနာသုံးရပ်သည် လူတစ်ဦး၊  မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံ တည်းသာ  ကြုံတွေ့နေရသည့် ပြဿနာ များမဟုတ်ပေ။     အချို့သောနိုင်ငံများ နေရေးအတွက်      ခက်ခဲနေကြသည်။ စားရေးအတွက်     ခက်ခဲနေကြသည်။ ဝတ်ရေးအတွက်လည်း     ချို့တဲ့နေကြ သည်ကို  တွေ့ရှိရသည်။ မိမိတို့နိုင်ငံသည် အလေ့ကျပေါက်ရောက်သော    သီးပင် စားပင်များမှအစ စနစ်တကျစိုက်ပျိုးလျှင် ပို၍အောင်မြင်ဖြစ်ထွန်းသော    သီးနှံပင် များစွာ ပေါက်ရောက်သဖြင့် အခြားသော နိုင်ငံများထက်  များစွာ  ကံကောင်းသည် ဟု ဆိုရပေမည်။
ကျွန်ုပ်တို့     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် သဘာဝတရား၏ မျက်နှာသာပေးချက်အရ    ကမ္ဘာ့ပထဝီ မြေမျက်နှာသွင်ပြင်ကောင်းကို ပိုင်ဆိုင် ထားသည်။     ရှည်လျားသော   ပင်လယ် ကမ်းရိုးတန်းကို    ပိုင်ဆိုင်ထားသည်။ ထွန်ယက်စိုက်ပျိုးနိုင်သော      မြေဆီ မြေလွှာများရှိသည်။  လူဦးရေအချိုးနှင့် မျှတစွာ    နေထိုင်နိုင်သည့်    မြေဧရိယာ အကျယ်အဝန်းရှိသည်။  ဆိုရလျှင် မြန်မာ နိုင်ငံသည်     စားဝတ်နေရေးတို့အတွက် နောင်ရေးစိတ်ချရသော   နိုင်ငံတစ်ခုပင် ဖြစ်ပေသည်။   အဝတ်အထည်အတွက် အဓိကကုန်ကြမ်းသည်   “ဝါ”    ဖြစ်၏။ သို့သော်ငြား  ဝါကုန်ကြမ်းကို  ကုန်ချော အဖြစ် ထုတ်လုပ်နိုင်ရန်  လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ ဝါသီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍    ၇-၃-၂၀၂၄    ရက်တွင် ပြုလုပ်သည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု နှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေး ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကား  ပြောကြားခဲ့ရာတွင် “မိမိတို့နိုင်ငံ တွင်  ဝါများစိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကိုစနစ်တကျဖြင့်   ထုတ်လုပ်နိုင် ခြင်းမရှိသေးကြောင်း၊  လက်ရှိဝါစိုက်ဧက ၅ သိန်း၌   ၁ ဧကလျှင်   ပိဿာချိန် ၇ဝဝ ခန့်   ထွက်ရှိမည်ဆိုပါက   လူဦးရေသန်း ၅ဝ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့်       အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌     လက်ရှိထွက်နေသည့် ဝါကုန်ကြမ်းများကို     ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက        ပြင်ပမှ ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊        အဆင့်မီသည့် ချည်ထည်များကို     ထုတ်လုပ်နိုင်ခြင်း ဖြင့်    မိမိတို့နိုင်ငံအတွင်း အထည်ချုပ် လုပ်ငန်းများ    တိုးတက်လာပြီး     နိုင်ငံ အတွက် လိုအပ်သည့်         အဝတ်အထည်များ ကို      ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း” မှာကြားခဲ့သည်ကို  မှတ်သားသိရှိရသည်။
အစိုဓာတ်အနည်းငယ်ဖြင့်  အပင်ပေါက်နိုင်
ဝါစိုက်ပျိုးမည်ဆိုပါက     အခြေခံ အကျဆုံးလိုအပ်ချက်သည်  မျိုးဝါစေ့ပင် ဖြစ်၏။ အပင်အရေအတွက်ပြည့်မီရေးနှင့် ဝါအထွက်နှုန်း     ကောင်းမွန်ရေးသည် ဝါမျိုးစေ့အရည်အသွေးပေါ်တွင် များစွာ မူတည်လျက်ရှိကြောင်း တွေ့ရှိရသည်။ စိုက်ပျိုးရေးဦးစီးဌာန၊   ဝါနှင့်လျှော်မျှင် ထွက်သီးနှံဌာနခွဲမှ      ရောင်းချသော ငွေချည် - ၉၊ ငွေချည် - ၁၁၊ ရွှေတောင် - ၈ နှင့်    ရွှေတောင်  ၁၀  မျိုးစေ့များသည် အထွက်နှုန်း     သင့်တင့်ပြီး    ဒေသနှင့် သင့်လျော်သော မျိုးများဖြစ်ကြသည်။ မျိုးဝါစေ့များကို     စိုက်ပျိုးခြင်းမပြုမီ မျိုးစေ့အမွေးချွတ်၍ မှိုသတ်ဆေးများနှင့် လူးနယ်ခြင်းဖြင့်   ပြုပြင်ဆောင်ရွက်နိုင် သည်။ အကျိုးကျေးဇူးအားဖြင့် အစိုဓာတ် အနည်းငယ်ဖြင့်     အပင်ပေါက်နိုင်ခြင်း၊ အပင်ပေါက်    ရာခိုင်နှုန်းပိုမိုကောင်းမွန် ခြင်း၊  မျိုးစေ့အတွင်း  ခိုအောင်းနေသော ပိုးကောင်များသေစေသဖြင့်  အပင်ပေါက် ပျက်စီးမှုနည်းခြင်း၊     မျိုးစေ့ဆောင် ရောဂါနှင့်     ပိုးမွှားဒဏ်ခံနိုင်ရည်ပိုရှိ ခြင်း၊   မျိုးစေ့တစ်ဧကနှုန်းထားကိုလည်း လျှော့ချ၍   စိုက်ပျိုးနိုင်ခြင်း၊    မျိုးစေ့ချ ကိရိယာ၊  မျိုးစေ့ချစက်များဖြင့်  စိုက်ပျိုး နိုင်ခြင်း      စသည့်အကျိုးကျေးဇူးများ ရရှိသည်ကို မှတ်သားသိရှိရသည်။
ဝါသည်  လိုအပ်သလိုပြုပြင်ပေးပါက မည်သည့်မြေပေါ်တွင်မဆို ပေါက်ရောက် ဖြစ်ထွန်းနိုင်သော်လည်း  အကောင်းဆုံး မြေမှာ         ရေသွင်းရေထုတ်လွယ်ကူပြီး မြေချဉ်ငန်ဓာတ် ၆ မှ ၆ ဒသမ ၅ ရှိသော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်၊ သဲစနယ်နှင့် စနယ်မြေစေးများ ဖြစ်ကြသည်။ ရေသွင်း ရန်၊      မြေဩဇာများ     ညီညာစွာရရှိရန်၊ အပင်အနိမ့်အမြင့် ညီညာရန်၊ ထွန်ယက် မှု     လွယ်ကူရန်အတွက်   မြေမျက်နှာ သွင်ပြင်ညီညာခြင်းသည်        အလွန် အရေးကြီးသည့်        အချက်ဖြစ်သည်။ ထယ်ထိုးခြင်းကို ပထမသီးနှံရိတ်သိမ်းပြီး လျှင် တစ်ကြိမ်၊ စိုက်ရာသီတွင် တစ်ကြိမ် ဆောင်ရွက်ပေးရသည်။     ထယ်ရေးကို အနည်းဆုံး ၇ လက်မမှ  ၁၀ လက်မအထိ နက်အောင်နှင့် အတိမ်အနက်ညီအောင် ဆောင်ရွက်ရမည်။     ချည်မျှင်ရှည်ဝါကို မိုးကြို၊   မိုး၊    မိုးနှောင်းကာလများတွင် စိုက်ပျိုးနိုင်သည်။   ရာသီဥတုပြောင်းလဲ လာခြင်း၊   မိုးရေချိန်နှင့်   မိုးရွာရက်များ ပြောင်းလဲတတ်ခြင်းတို့ကြောင့်  မိုးကြိုဝါ ကို ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလကုန် အတွင်း၊ မိုးစိုက်ဝါကို မေလနှင့်   ဇွန်လ အတွင်း၊   မိုးနှောင်းဝါကို    ဇူလိုင်လမှ       စက်တင်ဘာလအတွင်း   စိုက်ပျိုးရမည်။
ချည်မျှင်ရှည်ဝါ      စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများကို  စနစ်တကျသုံးစွဲ ရန်လိုသကဲ့သို့ သဘာဝဓာတ်မြေဩဇာ များကိုလည်း မဖြစ်မနေတွဲဖက်အသုံးပြု ရန် လိုအပ်ပါသည်။ သာမန်မြေ တစ်ဧက တွင်       သဘာဝဓာတ်မြေဩဇာအဖြစ် နွားချေးလှည်း    ၁၀   စီး၊    သို့မဟုတ် ဇီဝမြေဩဇာ ၁၀ အိတ်ကို ထည့်သွင်းပေး သင့်ပြီး ဓာတ်မြေဩဇာအဖြစ် စိုက်ထယ် ရေးပြုလုပ်ချိန်တွင်   ကွန်ပေါင်းဓာတ်မြေ ဩဇာ   တစ်အိတ်ကို    မြေခံထည့်သွင်းပြီး အပိန့်ဝင်ချိန်တွင်      ယူရီးယားဓာတ်မြေ ဩဇာအိတ်ဝက်နှင့်    ပန်းပွင့်ဖြိုင်ချိန်တွင် ယူရီးယားဓာတ်မြေဩဇာ     အိတ်ဝက် ထည့်သွင်းသင့်သည်။    ဝါသီးနှံအထွက် နှုန်းနှင့်     အရည်အသွေးကောင်းမွန်ရန် သီးနှံတစ်ရာသီတွင်  ရွက်ဖျန်းမြေဩဇာ တစ်ကီလိုအား  အနည်းဆုံး ၄ ကြိမ်ဖျန်း ပေးသင့်သည်။  ဝါပင်သည်  အခြားသီးနှံ ပင်များနှင့်  နှိုင်းယှဉ်ပါက  ပိုးကျရောက်မှု ပိုမိုများပြားသောကြောင့်     ဝါတစ်ဧက လျှင်  စုပ်စားပိုးများအတွက်  ၆   ကြိမ်၊ သီးလုံးဖောက်ပိုးများအတွက်  ၂ ကြိမ် ပက်ဖျန်းပေးရလေ့ရှိသည်။   ဝါပင်သည် ပေါင်းမြက်များ၏ရန်ကို    ခံနိုင်ရည်မရှိ သောကြောင့် ဝါစေ့နှင့်အတူ  ပေါင်းမြက် များ    တစ်ပြိုင်တည်း    ပေါက်မလာစေ ရန်    ဝါစေ့စိုက်ပြီး    ၃    ရက်အတွင်း Pendimethalin ပေါင်းသတ်ဆေးပက်ဖျန်းပေးခြင်းဖြင့်  ပေါင်းပင်ငယ်များကို နှိမ်နင်းနိုင်သည်။    ဝါစိုက်ပြီး    အပင် ပေါက်စုံသည့်အခါ     တစ်ပတ်အတွင်း တစ်ကျင်းလျှင် ၂ ပင်ထက်ပိုသော ဝါပင် များကို နုတ်ခြင်း၊   အပင်မပေါက်သော နေရာများတွင်          ဝါပင်ဖာခြင်းတို့ကို ဆောင်ရွက်ရမည်။
ဝါပင်များ      ရှင်သန်ဖြစ်ထွန်းရန် အစိုဓာတ်ထိန်းသိမ်းခြင်း၊ ရေပေးသွင်း ခြင်းနှင့်  ရေထုတ်ခြင်းတို့ကို ဆောင်ရွက် ရန်လည်း   လိုအပ်ပါသည်။ ရေပေးသွင်း ရာတွင်  ဝါစိုက်ရာသီအလိုက်၊  အစိုဓာတ် လိုအပ်ချက်အလိုက်    မိုးကြိုရာသီတွင် စိုက်ပျိုးချိန်၌  တစ်ကြိမ်၊ စိုက်ခင်းပြုစုချိန် တွင် ၄ ကြိမ်မှ  ၅ ကြိမ်   သွင်းပေးရန် လိုအပ်သည်။          မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ ၂ ကြိမ်မှ ၃  ကြိမ်သွင်းပေး ရပါမည်။       အကယ်၍      မိုးမရွာလျှင် ၁၀ ရက်ခြား  တစ်ကြိမ်ခန့် ရေသွင်းပေး ရပါမည်။ မိုးများ၍ရေဝပ်နေပါက ရေထုတ် ပေးရန်လိုအပ်သည်။   ထို့အပြင်   အပိန့် စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့် ဖြိုင်ချိန်နှင့်   ဝါသီးကြီးထွားချိန်တို့တွင် အစိုဓာတ်လုံလောက်စွာ  မရပါကလည်း ရေပေးသွင်းရန် လိုအပ်ပါသည်။
လေထုစိုထိုင်းဆမမျှတသောကြောင့်အရည်အသွေးကျဆင်းစေနိုင်
ဝါပင်များ၌  ပြင်ပပုံသဏ္ဌာန်အားဖြင့် ဝါသီးကောင်းစွာကွဲ၍ အတွင်းရှိ ဂွမ်းမွေး များ အလွယ်တကူဆွဲကောက်ယူနိုင်သော အချိန်တွင်      ဝါစတင်ကောက်ယူရပြီး အနည်းဆုံး   ၃  ကြိမ်   ကောက်ယူရပါ သည်။ အချိန်မီ  မကောက်သိမ်းနိုင်ပါက ဝါမျိုးစေ့နှင့်  ဂွမ်းမွေးများ  အပူချိန်နှင့် လေထုစိုထိုင်းဆ   မမျှတသောကြောင့် အရည်အသွေး    ကျဆင်းစေနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။  ကောင်းစွာ ခြောက်သွေ့သော  ချည်မျှင်ရှည်ဝါများကို ဝါကြိတ်စက်တွင်       ကြိတ်ခွဲသည့်အခါ ချည်မျှင်ရှည်ဝါဂွမ်း  ၃၅   ရာခိုင်နှုန်းနှင့် ဝါစေ့   ၆၀  ရာခိုင်နှုန်းကို    ရရှိပါသည်။ ထိုချည်မျှင်ရှည်ဝါဂွမ်းများကို ချည်မျှင် ထုတ်လုပ်ခြင်းတွင်အသုံးပြုပြီး ဝါစေ့များ ကို မျိုးအဖြစ်လည်းကောင်း၊ ဝါစေ့ဆီကြိတ် ခြင်းတွင်လည်းကောင်း     ဆက်လက် အသုံးပြုပါသည်။
ချည်မျှင်ရှည်           ဝါဂွမ်းများကို ချည်မျှင်ညိုထုတ်လုပ်ရန်အတွက် ဝါဖန် စက်၊   ဗိုင်းတောင့်စက်၊    အကြိုအပင် ပေါင်းစက်၊    ဗိုင်းလိပ်စက်၊       ဘီဖီးစက်၊ အပင်ပေါင်းစက်၊ တညင်းလုံးစက်၊ ချည်ငင် စက်၊  ချည်ကတော့စက်၊  အပင်ပူးစက်၊ အပင်ကျစ်စက်နှင့်    ချည်ကုံးလုံးပေါင်း စက်များဖြင့်  စုစုပေါင်း လုပ်ငန်းစဉ် ၁၂ ဖြင့်        ဆက်လက်ဆောင်ရွက်ရပါသည်။ ချည်မျှင်ရှည်ဝါဂွမ်းမှ  ချည်မျိုးစုံထွက်ရှိမှု မှာ    ဝါဂွမ်းအလေးချိန်၏    ပျမ်းမျှ   ၈၀ ရာခိုင်နှုန်းဖြစ်ပါသည်။    ထိုချည်များကို အထည်ပိတ်ရက်လုပ်ခြင်း လုပ်ငန်းတွင် ကုန်ကြမ်းအဖြစ်   ဆက်လက်အသုံးပြု သည့်အပြင်   ချည်မျှင်ညို၊     သို့မဟုတ် ဆေးဆိုးချည်အဖြစ်  တိုက်ရိုက်ရောင်းချ နိုင်ပါသည်။
ဝါကြိတ်စက်ရုံမှ        ထွက်ရှိလာသော ဝါစေ့များကို  ဝါစေ့ဆီကြိတ်လုပ်ငန်းတွင် ဝါစေ့များကို    တိုက်ရိုက်ဆီကြိတ်ခြင်း၊ ဝါစေ့များကို    ဝါစေ့ခွံခွဲပြီး   ဝါစေ့အဆန် ကို     ဆီကြိတ်ခြင်းနှင့်    ဝါစေ့များကို လင်တာစက်တွင်   လင်တာဂွမ်းချွတ်ပြီး ထွက်ရှိလာသည့် ဝါစေ့ကတုံးကို  ဝါစေ့ ခွံခွဲ၍    ဝါစေ့အဆန်ကို     ဆီကြိတ်ခြင်း စသည့် ပုံစံ ၃ မျိုးဖြင့်  ဆောင်ရွက်လျက် ရှိပါသည်။  ထိုကဲ့သို့  ဝါစေ့ဆီကြိတ်သည့် နည်းလမ်းများအနက်      ဝါစေ့များကို လင်တာဂွမ်းချွတ်ပြီးမှ     ဆီကြိတ်ခြင်း သည် အကောင်းဆုံးဖြစ်သည်။  ဝါစေ့များ ကို ဆီမကြိတ်မီ လင်တာစက်တွင် လင်တာ ချွတ်သည့်အတွက် လင်တာဂွမ်းနှင့် ဝါစေ့ ကတုံးများ   ရရှိပါသည်။  ထိုဝါစေ့ကတုံး များကို   ဆီကြိတ်သည့်အခါ    ဝါစေ့ခွံ၊ ဝါစေ့ဖတ်နှင့်   ဝါစေ့ဆီကြမ်းများ   ရရှိ ပါသည်။ ဝါစေ့ဆီကြမ်းကို   ဆက်လက် သန့်စင်သည့်အခါ    ဆီကြည်နှင့်   ဆီချေး များ ရရှိပါသည်။
ထို့ကြောင့်   ဝါစေ့  ၁၀၀  ပိဿာကို ဆီကြိတ်လုပ်ငန်း          ဆောင်ရွက်ပါက လင်တာဂွမ်း ၆ ဒသမ ၆ ပိဿာ၊  ဝါစေ့ ကတုံး ၉၀   ပိဿာရရှိပါမည်။  ထိုဝါစေ့ ကတုံး   ၉၀  ပိဿာကို    ကြိတ်ခွဲပါက  ဝါစေ့ခွံ ၃၃ ဒသမ ၆ ပိဿာ၊  ဝါစေ့ဖတ်  ၄၅ ပိဿာ၊ ဝါစေ့ဆီကြမ်း  ၁၀   ပိဿာရရှိ ပါမည်။   ဝါစေ့ဆီကြမ်း ၁၀ ပိဿာကို ဆီသန့်အဖြစ်   ဆက်လက်ဆောင်ရွက်ပါက ဆီကြည် ၈ ဒသမ ၇ ပိဿာနှင့် ဆီချေး ၂ ဒသမ ၉   ပိဿာ  ရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ဝါစိုက်ဧက  ၅ သိန်းမှ   ထွက်ရှိမည့် ချည်မျှင်ရှည်ဝါနှင့် ဆက်စပ် ပစ္စည်းများမှာ  အောက်ပါဇယားအတိုင်း ဖြစ်သည်-
ဝါစေ့ဆီကို  ကြိတ်ခြေရုံဖြင့်ရရှိသော ဆီကြမ်းကို စားသုံးရန်အတွက် မသင့်သေး ဘဲ နည်းပညာသုံး၍  ပြန်လည်ပြုပြင်ပြီး သော   ဆီချောကိုသာ    စား၍ရနိုင်သော (Edible)    အဆင့်သတ်မှတ်ကြောင်း တွေ့ရှိရပါသည်။      ဆီကြမ်းအဆင့်မှ စားသုံးဆီအဆင့်သို့     ရောက်ရှိစေရန် ဆီသန့်စင်ခြင်း  နည်းစဉ်   (Oil Refining Process)ကို  အသုံးပြုပြီး  ဆီကြမ်းတွင် ပါရှိလာသည့်    အချဉ်ဓာတ်၊    အချွဲဓာတ်၊   အရောင်ဆိုး၊ အနံ့ဆိုးတို့နှင့်အတူ  အနည် အနှစ်များနှင့်  အငွေ့ပြန်နိုင်သော ပစ္စည်း များကို ဖယ်ထုတ်နိုင်မှသာလျှင် သန့်စင် ကြည်လင်သောစားသုံးဆီကို ရရှိနိုင်မည် ဖြစ်ပါသည်။   ထို့ကြောင့်   အချွဲချွတ်ခြင်း (Degumming)၊       အချဉ်ချွတ်ခြင်း (Neutralization)   နှင့်   အအေးခံ၍ အခဲစစ်ထုတ်ခြင်း      (Winterization) ဟူသော         ဆီသန့်စင်ခြင်းနည်းစဉ်ကို ပြီးပြည့်စုံအောင်         ဆောင်ရွက်မှသာ Finished Product ဖြစ်သည့် စားသုံးရန် အဆင့်ကို ရောက်ရှိနိုင်ပါသည်။ ဆီကြမ်း ၁၀၀  ပိဿာကို    ဆီသန့်စင်သည့်အခါ စားသုံးနိုင်သော      ဆီအဆင့်သို့ရောက် သည့်အခါတွင်    ဆီသန့်အကြည်    ၈၇ ပိဿာ တစ်နည်းအားဖြင့်   ၈၇ ရာခိုင်နှုန်း သာကျန်ရှိကြောင်း သိရှိရပါသည်။
 စားသောက်ဖွယ်ရာများ
ကြော်လှော်ရန်ကောင်းမွန်သည့်ဆီဖြစ်
စားသုံးဆီအဆင့်သို့    ရောက်သည် အထိ     သန့်စင်ပြီးသော    ဝါစေ့ဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်းနှင့်      ပြည့်ဝဆီ  ၂၆   ရာခိုင်နှုန်းတို့   ပါဝင်ဖွဲ့စည်းထားပြီး  ၎င်း၏  မီးလောင်မှတ် (Smoke Point)မှာ   ၂၁၆  ဒီဂရီ စင်တီဂရိတ်ရှိပါသည်။ မီးလောင်မှတ်မြင့်သော     ဆီဖြစ်သည့် အားလျော်စွာ   စားသောက်ဖွယ်ရာများ ကြော်လှော်ရန်အတွက်  ကောင်းမွန်သည့်   ဆီအမျိုးအစားဖြစ်သောကြောင့်လည်း  တရုတ်၊  အိန္ဒိယ၊  ပါကစ္စတန်၊  ဘရာဇီး၊ အမေရိကန်၊ တူကီယဲ၊  ဥဇဘက်ကစ္စတန် နှင့် သြစတြေးလျနိုင်ငံများ၌  ဝါစေ့ဆီကို  စားသုံးဆီအဖြစ်      ထုတ်လုပ်ရောင်းချ လျက်ရှိကြောင်း   သိရှိရပါသည်။    ဝါစေ့ တွင်  ပိုးသတ်ဆေးကဲ့သို့    အာနိသင်ရှိ သည့်    အရောင်ပေးဒြပ်ပေါင်းတစ်ခုဖြစ် သော ဖီနော(phenol)အုပ်စုဝင် ဂေါ်ဆီပေါ (Gossypol)   သည် သဘာဝအတိုင်း ပါရှိနေရာ ၎င်းသည် ဝါစေ့ဆီကြမ်းအဆင့် တွင်လည်း         ပျောက်ပျက်မသွားဘဲ  ပမာဏတစ်ခုဖြင့် ပါဝင်နေလေ့ရှိပါသည်။ စားသုံးဆီအဆင့်          ထိရောက်အောင်  သန့်စင်ပြီးမှ သာလျှင် ၎င်းဓာတ်ပစ္စည်းကို ဖယ်ရှားလျှော့ချနိုင်မည်       ဖြစ်ပါသည်။ ထို့ကြောင့် ဝါစေ့ဆီကြမ်းများကို Finished Product  အဖြစ် ဆောင်ရွက်ပြီးမှသာ   စားသုံးဆီအဖြစ်      အသုံးပြုကြပါရန်   လိုပါသည်။
ဝါစေ့ဆီကြမ်းကို ပိုးသတ်ဆေးအဖြစ် လည်းကောင်း၊      အဝတ်လျှော်ဆပ်ပြာ ပြုလုပ်ရာတွင်  လည်းကောင်း၊    အသား အရည်ထိန်းသိမ်းရန်     သုံးစွဲရသည့် အလှကုန်ပစ္စည်းများတွင် လည်းကောင်း၊ ဗောက်ပျောက်        ခေါင်းလျှော်ရည်နှင့် နေလောင်ခံခရင်များတွင်လည်းကောင်း သုံးစွဲကြသည်ကို တွေ့ရသည်။   ဝါစေ့ဆီ တွင်  ကျန်းမာရေးအတွက် ကောင်းကျိုး အများအပြားရှိပါသည်။     အနာကျက် မြန်စေသောကြောင့်     ဒဏ်ရာများမှာ လိမ်းပေးနိုင်ပါသည်။ နာကျင်ရောင်ရမ်း မှုကို  သက်သာစေနိုင်သောကြောင့် ဝါစေ့ ဆီကိုစားပေးခြင်း၊    လိမ်းပေးခြင်းဖြင့် အဆစ်ရောင်ခြင်း၊        အဆစ်လွဲခြင်း၊ ခေါင်းကိုက်ခြင်း၊      အစာအိမ်အောင့်ခြင်း တို့အတွက် သုံးစွဲနိုင်ပါသည်။ သွေးအတွင်း  ကိုလက်စထရောကို      လျှော့ချပေးနိုင်ပါ သည်။ သွေးပေါင်ချိန်ကို  ကျဆင်းစေပြီး သွေးကြောဆိုင်ရာရောဂါ၊   နှလုံးရောဂါ တို့မှ ကာကွယ်ပေးနိုင်သည့် ကျန်းမာရေး ဆိုင်ရာ     အကျိုးကျေးဇူးများရှိကြောင်း တွေ့ရှိရပါသည်။  ဝါစေ့ကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော       လင်တာဂွမ်းကို ပျော့ဖတ်များ၊ ခိုင်မာအားကောင်းသည့် ပလတ်စတစ်နှင့်    ဖိုင်ဘာများ၊   စက္ကူ အမျိုးမျိုး၊ ရေယွန်ဖိုင်ဘာနှင့် အခြားဓာတု ပစ္စည်း      ထုတ်လုပ်မှုလုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် ဆက်လက်အသုံးပြုပါ သည်။ ဝါစေ့ခွံများကို   နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများတွင် အစာအဖြစ် နှင့်   သဘာဝမြေဩဇာအတွက် ရောစပ် ကုန်ကြမ်းအဖြစ်  အသုံးပြုပါသည်။ ဝါစေ့ အဖတ်မှာလည်း      အာဟာရတန်ဖိုး ကြွယ်ဝပြီး   အထူးသဖြင့် အသားဓာတ် မြင့်မားစွာ    ပါဝင်သောကြောင့်    နွား၊ ငါးတိရစ္ဆာန်အစာနှင့်  သဘာဝမြေဩဇာ တွင် တိုက်ရိုက်ကုန်ကြမ်းအဖြစ် အသုံးပြု ပါသည်။ တိရစ္ဆာန်အစာနှင့်  စိုက်ပျိုးရေးတို့ အတွက်    အသုံးပြုနိုင်ခြင်းကြောင့် ဝါပင် မှ ထွက်ရှိလာသော  အပွင့်၊ အဆန်တို့မှာ အကျိုးကျေးဇူးများစွာ  ဖြစ်ထွန်းစေပါသည်။
မြန်မာနိုင်ငံရှိ     စိုက်ပျိုးထားသော ဝါစိုက်ဧက  ၅   သိန်းသည်    တစ်ဧက ဝါအထွက်နှုန်း    ၇၀၀    ပိဿာရှိပါက ဝါပိဿာ သန်း ၃၅၀ ထွက်ရှိပြီး ချည် ပိတ်ကိုက် ၁၃၇၀ ဒသမ ၆  သန်း ထွက်ရှိ မည်ဖြစ်ပါသည်။    မြန်မာနိုင်ငံလူဦးရေ ပျမ်းမျှသန်း  ၅၀ ဖြင့်   တွက်ချက်ကြည့်ပါက လူတစ်ဦးလျှင်  ချည်ပိတ် ၂၇ ဒသမ ၄၁ ကိုက် အသုံးပြုနိုင်ပါမည်။ ဝါစေ့ဆီအားဖြင့် ဝါပိဿာ  သန်း ၃၅၀ တွင်  ဝါစေ့ပိဿာ သန်း ၂၁၀  ထွက်ရှိပြီး ၎င်းကိုကြိတ်ခွဲ လိုက်ပါက ဝါစေ့ဆီကြမ်း  ပိဿာ ၂၀ ဒသမ ၇၉ သန်းရရှိပါမည်။  ထိုဝါစေ့ဆီကြမ်းအား သန့်စင်လိုက်ပါက  စားသုံးရန်သင့်သော ဝါစေ့ဆီ ပိဿာ ၁၈ ဒသမ ၁၉    သန်းခန့် တစ်နည်းအားဖြင့်  ၂၉၇၀၅ တန် ထွက်ရှိ နိုင်ကြောင်း   သိရှိရပါသည်။    တစ်ဧက ဝါအထွက်နှုန်း    ၅၀၀    ပိဿာရှိပါက ဝါပိဿာ သန်း ၂၅၀ ထွက်ရှိပြီး ချည် ပိတ်ကိုက် ၉၇၉ သန်းထွက်ရှိမည်ဖြစ်ပါ သည်။  မြန်မာနိုင်ငံလူဦးရေပျမ်းမျှ သန်း ၅၀ ဖြင့်  တွက်ကြည့်ပါက လူတစ်ဦးလျှင် ချည်ပိတ် ၁၉ ဒသမ ၅၈  ကိုက်  အသုံးပြု နိုင်ပါမည်။  စားသုံးရန်သင့်သော   ဝါစေ့ဆီ ပိဿာ ၁၂ ဒသမ ၉၉ သန်း  တစ်နည်းအား ဖြင့် ၂၁၂၁၈ တန်ထွက်ရှိနိုင်ပါသည်။   ဝါစိုက်ပျိုးရေးအား          အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့်    ဘက်ပေါင်းစုံမှ နိုင်ငံခြားငွေသုံးစွဲရမှုကို များစွာသက်သာ နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
မြန်မာနိုင်ငံမှထွက်ရှိသော ချည်မျှင် ရှည်ဝါဂွမ်းများ၏  ဂွမ်းမွေးအရှည်သည် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာသာရှိပြီး အနိမ့်ဆုံး  ချည်နံပါတ် ၁/၁၆ ချည်မှစ၍ ၁/၂၀ ချည်၊ ၁/၄၀ ချည်နှင့်  အချောဆုံး ၁/၆၀ ချည်အထိထုတ်လုပ်နိုင်ပါသည်။ ၁/၁၆ ချည်မှ  ဖလန်နယ်ပိတ်၊  ဇင်ပိတ်၊ ချည်စောင်၊ စားပွဲခင်းနှင့် လက်သုတ်ပဝါ တို့ ထုတ်လုပ်နိုင်ပါသည်။ ၁/၂၀ ချည်မှ လည်း   ဖလန်နယ်ပိတ်၊    အမျိုးသား ဝတ်၁/၂၀ ချည်လုံချည်၊ ခြင်ထောင်ဇာ၊ ခြင်ထောင်ပိတ်၊ မျက်နှာသုတ်ပဝါ၊ ချွေး  သုတ်ပဝါနှင့်    အနှီးပိတ်ထုတ်လုပ်နိုင်ပါ သည်။    ၁/၄၀   ချည်မှ   အမျိုးသားဝတ် ၁/၄၀  ချည်ချောလုံချည်၊   အမျိုးသမီး ဝတ်လုံချည်၊    စွပ်ကျယ်၊     တီရှပ်တို့ ထုတ်လုပ်နိုင်ပြီး ၁/၆၀ ချည်မှ အမျိုးသား ဝတ်ချည်လုံချည်များ     ထုတ်လုပ်နိုင် ပါသည်။
ယခုနှစ်ဝါမျိုးစုံစိုက်ပျိုးရန်
 ဧက ၆ သိန်းကျော်လျာထား
ဂွမ်းမွေးအရှည်  ၃၄ မီလီမီတာနှင့် အထက်ရှိသည့် ပြည်ပချည်မျှင်ရှည်ဂွမ်း များနှင့်    ၅၀ ရာခိုင်နှုန်း     ရောစပ်၍ ထုတ်လုပ်နိုင်ပါက ၂/၈၀ ချည်ချောအထိ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ယခုနှစ် မိမိတို့နိုင်ငံတွင် ဝါမျိုးစုံစိုက်ပျိုးရန် ဧက ၆ သိန်းကျော်  လျာထားပြီး    ချည်မျှင် ရှည်ဝါ ဧက ၄ ဒသမ ၇ သိန်းကျော်စိုက်ပျိုး မည်ဟု သိရသည်။  အဆိုပါ ချည်မျှင်ရှည်ဝါ များမှာ အရှည် ၂၈ မီလီမီတာမှ ၃၀ မီလီ မီတာသာ     ရှိသည့်အတွက်   အဆင့်မီ ချည်ချောထုတ်လုပ်နိုင်စေရန်    ဂွမ်းမွေး အရှည်   ၃၃ မီလီမီတာမှ ၃၄ မီလီမီတာ ရှည်သည့် ( Extra-long stable cotton) အလွန်ရှည်     ချည်မျှင်ရှည်ဝါမျိုးများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ တိုးချဲ့စိုက်ပျိုးနိုင်ရန် သက်ဆိုင် ရာ တာဝန်ရှိသူအဆင့်ဆင့်မှ  ဆောင်ရွက် ကြလျက်ရှိသည်။ မိမိတို့နိုင်ငံတွင် အရည် အသွေးကောင်းသည့် (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ပါက    ပြည်ပမှ တင်သွင်းမှုများ လျော့နည်းစေမည်ဖြစ် သည်။    မိမိတို့နိုင်ငံနှင့်   ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌တပ်ဆင် ထုတ်လုပ်နိုင်မည်ဆိုလျှင် အလုပ်အကိုင် အခွင့်အလမ်းများပါ    ရရှိစေမည်ဖြစ်ပြီး အထည်ချုပ်        လုပ်ငန်းများအတွက်ပါ အထောက်အပံ့ကောင်းကို    ရရှိစေမည် ဖြစ်၏။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့်  ဦးတည်ချက်(၉)ရပ်ပါ စီးပွားရေးကဏ္ဍတွင် “ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို      အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း   ထွက်ရှိ အောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှု မှသည်  ပြည်ပသို့ တင်ပို့နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရေး”     ဟူသည့် အတိုင်း ဆီထွက်သီးနှံများကို စိုက်ပျိုး လျက်ရှိရာ    ဝါသီးနှံသည်   စားကုန်ဖြစ် သော ဆီအတွက်သာမက လူတို့ဝတ်ဆင် ရေးနှင့်   အခြားသော    အထည်အလိပ် လုပ်ငန်းများအတွက်ပါ  အသုံးဝင်သည့် သီးနှံတစ်ခုအဖြစ်      တည်ရှိနေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်     ကုန်ချော ထုတ်လုပ်ရန်အတွက်       လိုအပ်သည့် စက်ပစ္စည်းကိရိယာများ    တပ်ဆင် လည်ပတ်နိုင်ရေး    ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် တောင်သူဦးကြီးများ အနေဖြင့် ယခုထက်မက  ပိုမိုစိုက်ပျိုးမည့် အတွေးစိတ်ကူးများ   စီမံထားဖို့သာလိုပါ တော့သည်။  စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း လယ်ယာထွက်ကုန် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဆောင်ရွက်ကြမည်ဆိုပါ လျှင်    အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမှုနှင့်အတူ     နိုင်ငံသားတို့၏ တစ်ဦးချင်း       ဝင်ငွေတိုးပွားလာကာ တိုင်းပြည်၏ဝင်ငွေသည်လည်း   တိုးပွား လာမည်ဖြစ်ပေသည်။
ဝါသီးနှံသည်   အဝတ်အထည်ပစ္စည်း ထုတ်လုပ်မှုအတွက်သာမက ပြည်တွင်း ဆီဖူလုံရေးအတွက်   စားသုံးဆီနှင့် စက်မှု လုပ်ငန်းသုံးဆီကို  ဝါစေ့မှထုတ်ယူနိုင်ပြီး ဝါစေ့အခွံနှင့်      ဝါစေ့ကြိတ်ဖတ်များကို အသားထုတ်လုပ်မှုတိုးတက်ရေးအတွက် တိရစ္ဆာန်အစာအဖြစ်သာမက မြေဩဇာ အဖြစ်ပါ   အသုံးပြုနိုင်၍  စီးပွားရေးအရ အရေးပါသော    သီးနှံတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ လူတို့ စားရေး၊ ဝတ်ရေးအတွက်    တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့်    ချည်မျှင် ရှည်ဝါ      စိုက်ပျိုးထုတ်လုပ်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ    ပါဝင် လျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲခြင်း မှအစပြု၍    ကုန်ချောထုတ်လုပ်သည် အထိ  ကွင်းဆက်အားလုံးသည် အလုပ် အကိုင်       အခွင့်အလမ်းအမျိုးမျိုးနှင့် ကုန်သွယ်ရေးကဏ္ဍများ၊  စက်မှုလုပ်ငန်း များ၊   စီးပွားရေးလုပ်ငန်းများ စသည်တို့ အတွက်      မောင်းနှင်အားတစ်ရပ်ပင် ဖြစ်ပါကြောင်း       ရေးသားတင်ပြလိုက် ရပါသည်။             ။