
ကော့မှူး မေ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်၌ စားသုံးသူ ပြည်သူများအနေဖြင့် အခြေခံ စားသောက်ကုန် များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် စားသောက်ကုန်များကို မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက်ပိုင်းတွင် လာရောက်ရောင်းချပေးသည်။
အဆိုပါဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်အိတ်ပေါင်း ၁၀၀၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ငါးပြည်အိတ်ပေါင်း ၁၀၀၊ ဆီ ၅၀ ကျပ်သားတစ်ဘူးလျှင် ငွေကျပ် ၂၇၀၀ နှုန်းဖြင့် ဘူး ၂၅၀၊ ကြက်ဥ ၁၀ လုံး တစ်ကတ်လျှင် ငွေကျပ် ၁၆၀၀ နှုန်းဖြင့် ကတ် ၃၀ တို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)