
နေပြည်တော် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့သို့ ဝန်းသိုမြို့တွင် အခြေစိုက် သည့် တပ်ရင်းမှ ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီခန့်တွင် လက်နက် ကြီးဖြင့် ခြောက်ကြိမ်ခန့် ပစ်ခတ် ခဲ့ရာ ကောလင်းမြို့လယ်ရှိ လူစည် ကားရာ အရှေ့ဈေးအနီး ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံခြောက်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Myanmar Now မှ လုပ်ကြံသတင်းများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်နှင့် အခြားသတင်းများအရ ဇန်နဝါရီ ၂ ရက်တွင် တပ်မတော်မှ ကောလင်းမြို့တွင်းသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့မှုမရှိကြောင်းနှင့် ယင်းနေ့နံနက်ပိုင်းတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်မတော် စစ်ကြောင်းကို အကြမ်းဖက်အဖွဲ့များက လက်နက် ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ၎င်း လက်နက်ကြီး ကျည်အချို့သည် အများပြည်သူ နေထိုင်ရာ ကောလင်းမြို့တွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
အလားတူ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ရှိ မျောက် တောင်ရွာကို ဇန်နဝါရီ ၂ ရက်တွင် တပ်မတော်က ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူနှစ်ဦး သေဆုံး ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်းကို AA သတင်းအရင်းအမြစ်က ပြောဆိုသည်ဟု သတင်းတု၊ သတင်းမှားများကို Khit Thit နှင့် Mizzima တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ ကျောက်တော် မြို့နယ် မျောက်တောင်ရွာကို တပ်မတော်မှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ AA လက်နက်ကိုင် သောင်းကျန်းသူ များမှ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု မရှိစေရန် အတွက် လက်နက်ကြီးများ၊ Drone များဖြင့် ကျေးရွာများသို့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး ပြည် ဖျက်မီဒီယာများသည် အကြမ်း ဖက် သောင်းကျန်းသူများ၏ လုပ်ရပ်များကို ကာကွယ်ပေး လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များ ကို တပ်မတော်သို့ အပြစ်ပုံချကာ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ လုပ်ကြံဖန်တီး ရေးသားကာ ဝါဒဖြန့်ချိနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်