ကောလင်းမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀ 


KIA  အဖွဲ့နှင့်   PDF   အမည်ခံအကြမ်းဖက် သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက် တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက     အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ မြို့လုံခြုံရေးထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့ကို  တိုက်ခိုက်ခဲ့ပြီး  မြို့နှင့်အနီးပတ်ဝန်းကျင် တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ် ခြင်း၊   ဆက်ကြေးကောက်ခြင်း၊   လူနေအိမ် များနှင့်   အစိုးရ၏    အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်     ဌာနဆိုင်ရာအဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ 
နေရပ်စွန့်ခွာသူ   ဒေသခံများ၏ နေအိမ်များသို့     ဖောက်ထွင်း ဝင်ရောက်၍ ပစ္စည်းများယူဆောင် ခြင်း၊  ဖျက်ဆီးခြင်း     စသည့် အကြမ်းဖက်   အဖျက်အမှောင့် လုပ်ငန်းများကို  လုပ်ဆောင်ခဲ့ပါ သည်။


အကြမ်းဖက်သမားများ အနေ ဖြင့် ကောလင်းမြို့အား  စစ်ကိုင်း တိုင်းဒေသကြီး၏   တောင်ဘက် နှင့် မြောက်ဘက်ဆက်သွယ်မှုအရ အရေးကြီးသော     မြို့ဖြစ်ခြင်း၊ ကောလင်းမြို့အနီးရှိ  သဖန်းဆိပ် ဆည်ပတ်ဝန်းကျင်တွင်   တရား မဝင်လုပ်ကိုင်လျက်ရှိသည့်   ရွှေ လုပ်ကွက်နှင့်   ရေနံလုပ်ကွက် များကို ထိန်းချုပ်နိုင်သည့်နေရာ ဖြစ်ခြင်းတို့ကြောင့်   အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ကောလင်းမြို့သို့   အကြမ်း ဖက်သမားများ      ဝင်ရောက် တိုက်ခိုက်အကြမ်းဖက်   လုပ်ရပ် ကျူးလွန်မှုအပေါ် နီးစပ်ရာတပ် ရင်း၊ တပ်ဖွဲ့ရှိ  တပ်မတော်သား များနှင့်     လှုပ်ရှားစစ်ကြောင်း တစ်ကြောင်းမှ  တန်ပြန်ချေမှုန်း ရေး   ဆောင်ရွက်ခဲ့သော်လည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တွင် ထီးချိုင့်မြို့အား အကြမ်းဖက် သမားများ၏   လက်အောက်သို့ မကျရောက်ရေး   အတွက်လည်း အင်အားဖြန့်ခွဲ၍   စစ်ကူပစ်ကူ ပေးခဲ့ရခြင်းကြောင့် ကောလင်းမြို့ အား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များမှ    သင့်တင့်သော အင်အားအသုံးပြု၍    ဝိုင်းပတ် ပိတ်ဆို့ထားရှိခဲ့သည်။


တစ်ချိန်တည်းတွင် ကောလင်း မြို့ခံ ဝန်ထမ်းများ၊ အရပ်သားများ အနေဖြင့်   အကြောင်းမဲ့နေရပ် စွန့်ခွာထွက်ပြေးရမှု၊  အနိုင်ကျင့် ခံရမှုအပေါ်    တုံ့ပြန်နိုင်ရေးနှင့် နှိပ်စက်မှုများကို    လက်မခံနိုင် သည့်ကျေးရွာများမှ  လူငယ်များ၊ လူလတ်ပိုင်းများ  အနေဖြင့်လည်း ဝန်းသို၊ ကန့်ဘလူမြို့နယ်ရှိ နီးစပ် ရာတပ်ဌာနချုပ်များမှ   လှုပ်ရှား လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာကာကွယ်ရေးအတွက်   ကူညီ ဆောင်ရွက်ပေးရန်  တောင်းဆိုမှု များအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာ ကာကွယ်ရေးအဖွဲ့များ   ဖွဲ့စည်း၍ လည်းကောင်း၊     တပ်မတော်မှ လည်း လိုအပ်သည့်စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ  စတုတ္ထ အပတ်မှ    ၂၀၂၄    ဇန်နဝါရီလ တတိယအပတ်အထိ   လည်း ကောင်း   ပြင်ဆင်လေ့ကျင့်ခြင်း နှင့် လိုအပ်သည့်     စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့သည်။


ထိုကဲ့သို့   အင်အားစုဖွဲ့ပြီး နောက်       တပ်မတော်စစ်ကူ စစ်ကြောင်းများ      အနေဖြင့် ကောလင်းမြို့အတွင်းနှင့်   အနီး ပတ်ဝန်းကျင်ရှိ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အား    အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး  (Counter– Terr-orism Operation) ဆောင်ရွက် ရန်အတွက်  ဇန်နဝါရီ   ၂၇  ရက် တွင်    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့သို့ ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူ များက     သောင်းသောင်းဖြဖြ ကြိုဆိုအားပေးခဲ့ကြသည်။   ထိုမှ တစ်ဆင့် တပ်မတော်စစ်ကြောင်း များသည်    ကောလင်းနယ်မြေ အတွင်းသို့ စနစ်တကျဖြင့် အဆင့် ဆင့်ခြေကုပ်ယူ၍ လေကြောင်း ပစ်ကူ၊     လက်နက်ကြီးပစ်ကူ များဖြင့်   ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲ ၁၈ ကြိမ်  ဖြစ်ပွားခဲ့ပြီး ကောလင်းမြို့အား   ယနေ့တွင် အပြီးတိုင်     ပြန်လည်ထိန်းချုပ် ထားနိုင်ခဲ့သည်။  


အကြမ်းဖက်    သမားများ အနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း  ဘာသာ ရေးဆိုင်ရာ  အဆောက်အဦများ၊ စာသင်ကျောင်းများ၊  ဌာနဆိုင်ရာ အဆောက်အဦများ၊   လူနေအိမ် များတွင်    တာယာကွင်းများ၊ သဲအိတ်များစီ၍    ဘန်ကာများ ဆောက်လုပ်ပြီး    တပ်မတော် စစ်ကြောင်းများအား    ပစ်ခတ် တိုက်ခိုက်ခြင်း၊  ဘုန်းတော်ကြီး ကျောင်းများ၊ လူနေအိမ်အဆောက် အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့်ဆက်သွယ် ရေးလမ်းကြောင်းများပေါ်၌ မိုင်း ထောင်ခြင်းများ၊  ဒေသခံပြည်သူ များကို    လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍   ပစ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင် ခဲ့သဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ က ထုတ်ပြန်ထားသည့်  ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။


လုံခြုံရေး     တပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက် ချေမှုန်းခဲ့မှုများကြောင့် အကြမ်း ဖက်သမားများသည်  လူနေအိမ် များနှင့်   ဌာနဆိုင်ရာအဆောက် အဦများအား  မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း  စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ် ဆောင်၍ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။


ထိတွေ့မှုများ    ဖြစ်ပွားစဉ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊    ထိခိုက်ဒဏ်ရာ    ရရှိခဲ့ ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊   အကြမ်းဖက် သမား    ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ    လုပ် ဆောင်ရာတွင်အသုံးပြုသည့်      ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ   သိမ်းဆည်း ရမိခဲ့သည်။


မိုင်းရှင်းလင်းခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက် 


KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်      သမားများ၏  အကြမ်းဖက်လုပ်ရပ်များ ပြုလုပ် ခဲ့ခြင်းကြောင့်         မြို့တွင်းရှိ အဆောက်အဦများစွာ   ပျက်စီး ဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထား ခဲ့သည့်   မိုင်းများကြောင့်  အများ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက်     လုံခြုံရေး တပ်ဖွဲ့ဝင်များက  မိုင်းရှင်းလင်း ခြင်းလုပ်ငန်းများကို     နေရာ အလိုက်၊ လမ်းများအလိုက် စနစ် တကျ    ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ 


ပြန်လည်ထူထောင်ရေးလုပ်ငန်း 
စီမံဆောင်ရွက်လျက်ရှိ


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အကြမ်း ဖက်သမားများကြောင့်   ယိုယွင်း ပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှား          ရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း   စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို   ဒေသခံပြည်သူများနှင့် အတူ      အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင် ရွက်လျက်ရှိကြောင်း    သတင်း ရရှိသည်။                            

သတင်းစဉ်