ကောလင်းခရိုင်အတွင်းရှိ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

မုံရွာ  ဖေဖော်ဝါရီ    ၁၀


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်သည်  ဖေဖော်ဝါရီ  ၉ ရက်   နံနက်ပိုင်းက ကောလင်းခရိုင် ပင်လည်ဘူးမြို့  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌      မြို့နယ်ဌာနဆိုင်ရာများ၊    မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ် ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို  သစ္စာရှိပြီးစည်းလုံးစွာဖြင့် ကျေပွန် အောင်ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ် ပြု ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူမှုမီဒီယာများ တွင် ဝန်ထမ်းများနှင့် ပြည်သူများအား  အကြောက် တရားဖြစ်ပေါ်လာအောင် ခြိမ်းခြောက်ကာ  မဟုတ် မမှန် ပြောဆိုနေမှုများနှင့်၊ လုပ်ဆောင်နေမှုများကို ယုံကြည်လိုက်နာစရာ မလိုပါကြောင်း၊ လုံခြုံရေးအသိ သတိတို့ဖြင့် နေထိုင်သွားလာကြရန်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊    တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်အောင်ဆောင်ရွက်နေမှုအခြေအနေ များကို ပြောကြားခဲ့သည်။


ပေးအပ်


ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း ကို          မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက  လုံခြုံရေး လုပ်ငန်းများ   ဆောင်ရွက်နေသူများအတွက် ငွေကျပ် ၁၀ သိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက မြို့နယ်တာဝန်ရှိသူများအား စားသောက်ဖွယ်ရာများ၊ အာလူးနှင့်       ကြက်သွန်နီများကိုလည်းကောင်း ပေးအပ်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင်   ကောလင်းခရိုင်    ကောလင်းမြို့    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ မြို့နယ်ဌာနဆိုင်ရာများ၊  မြို့မိမြို့ဖများ၊ လူမူရေး အသင်းအဖွဲ့ဝင်များနှင့်   တွေ့ဆုံပွဲအခမ်းအနားသို့ လည်းကောင်း၊ ညနေပိုင်းတွင် ဝန်းသိုမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌   မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊  လူမူရေးအသင်းအဖွဲ့ ဝင်များနှင့်  တွေ့ဆုံပွဲသို့လည်းကောင်း တက်ရောက် ပြီး အမှာစကားပြောကြားကာ  တာဝန်ရှိသူများနှင့် အတူ    ထောက်ပံ့ငွေများ၊   စားသောက်ဖွယ်ရာများ၊ အားလူးနှင့်ကြက်သွန်နီများ     ပေးအပ်ခဲ့ကြောင်း သိရသည်။    

               တိုင်းဒေသကြီး (ပြန်/ဆက်)