ကျောက်တံတားစိုက်ပျိုးရေးသုတေသနခြံ၏ မိုးရာသီ စပါးသီးနှံ ကွင်းသရုပ်ပြပွဲနှင့် စပါးဖြုတ်ပိုးကာကွယ်နှိမ်နင်းနည်းများကွင်းသရုပ်ပြပွဲပြုလုပ်

 

နေပြည်တော်    ဒီဇင်ဘာ     ၃

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲလက်အောက်ရှိ ကျောက်တံတား စိုက်ပျိုးရေးသုတေသနခြံ၏ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် မိုးရာသီစပါးသီးနှံကွင်းသရုပ်ပြပွဲနှင့်   စပါးဖြုတ်ပိုး ကာကွယ်နှိမ်နင်းနည်းများ   ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၃ဝ ရက်က ပြုလုပ်သည်။

 


အဆိုပါကွင်းသရုပ်ပြပွဲကို   တောင်သူများ ရင်ဆိုင်နေရသည့်  အခက်အခဲများအား  ဖြေရှင်း ပေးနိုင်သည့် သုတေသနများထဲမှ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန  (ရုံးချုပ်)၊ အပင်ဇီဝနည်းပညာဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆင်းသုခစပါးမျိုးလိုင်း များ၏ သုတေသနထူးခြားချက်များကို ဖော်ထုတ် ပြသရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ကွင်းသရုပ်ပြပွဲတွင်    ဥယျာဉ်ခြံသီးနှံ   သုတေ သနဌာနခွဲနှင့်   စက်မှုသီးနှံနှင့်   နှစ်ရှည်ပင်များ သုတေသနဌာနခွဲ  ညွှန်ကြားရေးမှူး   ဒေါက်တာ ခင်သိန်းညွန့်က  အမှာစကား  ပြောကြားပြီး  ခြံ တာဝန်ခံ  ဦးအောင်ထွန်းမြင့်က  စပါးစမ်းသပ် ကွက်များအကြောင်း ရှင်းလင်းပြောကြားသည်။

 


Anther Culture ဖြင့် ဆောင်ရွက်ထားသော ဆင်းသုခစပါးမျိုးလိုင်းများသည်  မိဘဆင်းသုခ စပါးမျိုးထက် သက်တမ်း (၁ဝ-၁၄ ရက်)ပိုတိုခြင်း၊ အစေ့အရွယ်အစားပိုကြီးခြင်း၊ နှံစပို၍ရှည်ခြင်း စသည့်လက္ခဏာများကို တောင်သူများ မျက်မြင် တွေ့ရသည်။

 


အဆိုပါအလားအလာကောင်းသော သက်တမ်း တို ဆင်းသုခမျိုးလိုင်းများသည် ဆင်းသုခ စိုက်ပျိုး သောဒေသများတွင် နွေ၊ မိုး စိုက်ပျိုးနိုင်သည့်အပြင် ရေကျနောက်လိုက်စိုက်ပျိုးသောဒေသများအတွက် လည်း အထူးသင့်လျော်သော မျိုးလိုင်းသစ်များဖြစ်ပြီး လာမည့်နွေရာသီတွင် ထပ်မံစမ်းသပ်စိုက်ပျိုးကာ တောင်သူပါဝင်သော မျိုးရွေးချယ်ပွဲများပြုလုပ်၍ ဒေသနှင့်သင့်လျော်ပြီး ရာသီဥတုနှင့် လိုက်လျော ညီထွေသော သက်တမ်းတိုဆင်းသုခ စပါးမျိုးလိုင်း သစ်များ ရရှိရန် ဆက်လက် ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့်  ကိုရီးယားနိုင်ငံ  AFACI  PMP  အထောက်အပံ့  အစီအစဉ်ဖြင့်  စမ်းသပ် ဆောင်ရွက်လျက်ရှိသော စပါးခွံပေါင်းခံရည် စမ်းသပ် ကွက်၏ ကောင်းကျိုးများကိုလည်း ရှင်းလင်းပြသ ပေးသည်။ 


အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့်  တောင်သူ ၃ဝ  တက်ရောက် ကြောင်း သိရသည်။
    

မင်းမင်းလတ် 
(မန်းတက္ကသိုလ်)