ကျောက်တန်းမြို့နယ်၌ ကဏန်းပျော့မွေးမြူ၍ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ

 

ရန်ကုန်   မေ   ၇


ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မေ ၆ ရက်က ကျောက်တန်းမြို့နယ်ရှိ          SG CRABS WORLD  Limited  ၏ ကဏန်းပျော့    မွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှု     စစ်ဆေး သည်။

 


ဝန်ကြီးချုပ်နှင့်     ဝန်ကြီးများ အား   SG   CRABS   WORLD Limited ၏ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးက ကဏန်းပျော့ ထုတ်လုပ်မှု  လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ကဏန်းပျော့      မွေးမြူရေးကန် အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊  အအေး ခန်းအတွင်း   အအေးစနစ်ဖြင့် အဆင့်ဆင့်ထုပ်ပိုးပြီး ယူအေအီး၊ အမေရိကန်၊  ဂျပန်၊   ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျနှင့်  EU  နိုင်ငံများ အစရှိသည့် နိုင်ငံတကာစျေးကွက် သို့တင်ပို့ရောင်းချရန်  ထိန်းသိမ်းသိုလှောင်ထားရှိမှုတို့ကို    လှည့် လည်   ကြည့်ရူစစ်ဆေးကြောင်း  သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)