
ကျောက်တံခါး မတ် ၁၁
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၇၀ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် တက္ကသိုလ်ဝင်တန်း၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူ ၁၂၅၇ ဦးရှိပြီး ပြင်ပဖြေဆိုသူကျောင်းသားကျောင်းသူ ၃၁၃ ဦး စုစုပေါင်း ၁၅၇၀ ဖြေဆိုခွင့်လျှောက်လွှာ(ဖောင်)များ တင်ထားကြောင်းသိရပြီး ကျောက်တံခါးမြို့နယ်တွင်စာစစ်ဌာနငါးခု ဖြစ်သော ကျောက်တံခါး(အထက)၊ ဖဒို(အထက)၊ ပဲနွယ်ကုန်း(အထက)၊ တောကျွဲအင်း(ခ)အောင်မြင်(အထက)၊ မြို့ချောင်း(အထက)တို့တွင် အတွဲ(၁)ဖြေဆိုရန် ၈၈၉ ဦး၊ အတွဲ(၂)ဖြေဆိုရန် ၃၄၃ ဦး၊ အတွဲ(၇)ဖြေဆို ရန် ၃၃၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)