
ကျောက်တံခါး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပညာရေးဝန်ထမ်းများအား ယနေ့ နံနက် ၈ နာရီက ကျောက်တံခါးမြို့ စည်ပင်သာယာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးမှု အစီအစဉ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာ ရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်စန်းစန်းထွေးက အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ မြို့နယ်ကျန်းမာရေးကြီးကြပ်ရေး မှူး ဆရာ ဦးထွန်းထွန်းအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပညာရေး ဝန်ထမ်း ပထမအကြိမ် လာရောက် ထိုးနှံသူ ၁၅၈ ဦးနှင့် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ ၁၂၀ စုစုပေါင်း ၂၇၈ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ခင်ကို(ကျောက်တံခါး)