ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၀


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  မြို့နယ်အချို့၌   အကြမ်းဖက်မှု ကိုလိုလားသူ   လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက  စစ်ရေးပစ်မှတ်မဟုတ်သည့်  အပြစ်မဲ့ပြည်သူ များသွားလာရာ  လမ်းတံတားများ၊  နေထိုင်ရာရပ်ကွက်၊ ကျေးရွာများ အတွင်းသို့  လက်နက်ကြီး၊  လက်လုပ်စိန်ပြောင်း၊  Drop Bomb များ ဖြင့်  ပစ်ခတ်တိုက်ခိုက်ခြင်းနှင့်  နေအိမ်များအား  အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခြင်း စသည့်    အကြမ်းဖက်မှုလုပ်ရပ်များအား  လုပ်ဆောင်လျက် ရှိသည်။      


ထိုသို့လုပ်ဆောင်လျက်ရှိရာ  ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့် တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက  ကျေးရွာ၏အရှေ့ မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ အမြင့်  မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း  Drop Bomb   တစ်လုံး  ကျရောက်   ပေါက်ကွဲခဲ့ရာ    အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကာ    အသက်  (၂)  နှစ်အရွယ် ကလေးငယ်တစ်ဦး     ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။


အထက်ပါဖြစ်စဉ်မှ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် အား       ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှု  ခံယူစေလျက်ရှိကြောင်း နှင့်  အပြစ်မဲ့ပြည်သူများ သေဆုံး ထိခိုက်ဒဏ်ရာရရှိအောင်    လုပ် ဆောင်ခဲ့သည့် အကြမ်းဖက်သမား များအား ထိရောက်စွာ အရေးယူ နိုင်ရေးနှင့်      နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက   လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။    

           
သတင်းစဉ်